တိုကျို၊ ဇွန် ၂
အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ ဆက်စပ်တဲ့ နောက်ဆုံး အနှောင့်အယှက်ဖြစ်မှုအနေနဲ့ ဂျပန်နိုင်ငံမှာ ငှက်ပျောသီး ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။
ဂျပန်က အပူပိုင်း အသီးအနှံဖြစ်တဲ့ ငှက်ပျောသီးကို အစိမ်း အနေအထားနဲ့ တင်သွင်းပြီး အခန်းတွေထဲမှာ ဓာတ်ငွေ့နဲ့ မှည့်အောင် ထားပြီးမှ စတိုးဆိုင်တွေဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ရေနံစိမ်း ၉၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတဲ့ နိုင်ငံမှာ အဲဒီ ဓာတ်ငွေ့ အမျိုးအစား ထောက်ပံ့နိုင်မှု ကုန်ခန်းတော့မယ့် အနေအထားအထိ လျော့နည်းလာနေပြီ ဖြစ်ပါတယ်။
ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်က ငှက်ပျောသီး မက်ထရစ်တန် တစ်သန်းလောက် တင်သွင်းခဲ့ပြီးကုန်ခြောက်ဆိုင်တွေမှာ အရေးအပါဆုံး စားစရာတွေထဲက တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့လောင်စာ ငါးပုံ တစ်ပုံ ဖြတ်သန်းနေတဲ့ ဟောမု့ဇ် ရေလက်ကြား ပိတ်ထားတာကြောင့် ငှက်ပျောသီး မှည့်အောင်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတ်ငွေ့ တီထွင်မှုတွေဟာ ယခုနှစ် အတွင်း လေးပုံ တစ်ပုံ လျော့ကျသွားခဲ့ပါတယ်။
ဒီပြတ်လပ်မှု ရလဒ်ဟာ ဆယ်စုနှစ် ငါးစုအတွင်း အဆိုးရွားဆုံး ဖြတ်ကြောင်း ဂျပန် ငှက်ပျောသီး တင်သွင်းရေး အဖွဲ့အစည်း အတွင်းရေးမှူးချုပ် အီဂျီ အကာရှီက ပြောပါတယ်။
ဈေးနှုန်း မြင့်တက်ကောင်း မြင့်တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ပြတ်လပ်မှု မရှိစေရေး ကျွန်တော်တို့ တတ်နိုင်တာ အားလုံး ဆောင်ရွက်သွားပါမယ်လို့ အကာရှီက ဆိုပါတယ်။
ငှက်ပျောသီး လုပ်ငန်းနယ်ပယ် တစ်ခုလုံးက ငှက်ပျောသီး ဆက်လက် ထောက်ပံ့ပေးနိုင်ရေး တတ်နိုင်သမျှ အားလုံး လုပ်ဆောင်ပေးဖို့ ကတိပြုထားကြပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အခုလောလောဆယ်အထိတော့ ဆိုင်တွေဆီ ငှက်ပျောသီးတွေ ရောက်ရှိနေဆဲ ဖြစ်ပေမယ့် တချို့တင်သွင်းသူတွေက နောက်ထပ် နှစ်လ သုံးလလောက်အထိ ငှက်ပျောသီးတွေ ထောက်ပံ့နိုင်ရေး ဓာတ်ငွေ့တွေ ဝယ်ယူ စုဆောင်းထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီလို အနေအထားမှာတောင် လက်လီ ရောင်းသူတွေအနေနဲ့ ဓာတ်ဆီ၊ ထုပ်ပိုးမှုနဲ့ တင်ပို့မှုတို့လို လောင်စာတဲ့ ဆက်စပ်တဲ့ ကုန်ကျစရိတ်တွေမြင့်တက်လာတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကာရှီက ဆိုတာပါ။
ဂျပန်နိုင်ငံမှာ အိမ်ထောင်စု တစ်စု အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ငှက်ပျောသီးတွေအတွက် ပျမ်းမျှ ယမ်း ၅၂၀၀ (စင်ကာပူ ဒေါ်လာ ၄၁) အထိ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
ဒါက ၂၀၂၂ ခုနှစ်နောက်ပိုင်း ငှက်ပျောသီးတွေအတွက် သုံးစွဲမှု ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာ ဖြစ်ကြောင်း အစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ငှက်ပျောသီးတွေ မှည့်အောင် လုပ်ရာမှာ သုံးတဲ့ ဓာတ်ငွေ့ ပမာဏကို လျှော့ချလိုက်မယ် ဆိုရင် ငှက်ပျောသီးတွေ နူးညံ့မှု ရှိတော့မှာ မဟုတ်သလို ချိုလည်း ချိုတော့မှာ မဟုတ်တဲ့အပြင် အချိန်နည်းနည်း ကြာလာရင် အရည်တွေထွက်ပြီး ပုပ်သွားနိုင်ပါတယ်။
ထောပတ်သီးတွေနဲ့ ကီဝီသီးတွေကိုလည်း အဲဒီလို ဓာတ်ငွေ့သုံးပြီးတော့ပဲ မှည့်အောင် လုပ်တာ ဖြစ်ပေမယ့် ဓာတ်ငွေ့ ပမာဏ နည်းနည်းပဲ လိုအပ်တယ်လို့ ဂျပန်နိုင်ငံသို့ တင်သွင်းတဲ့ ငှက်ပျောသီး ၃၀ ရာခိုင်နှုန်းလောက်ကို မှည့်အောင် လုပ်ဆောင်ပေးနေတဲ့ Farmind ကုမ္ပဏီက ပြောပါတယ်။
Ethylene ဓာတ်ငွေ့ ထောက်ပံ့မှု လိုအပ်ချက်အပြင် အလားတူ ဓာတ်ငွေ့မျိုး ပြတ်လပ်မှု ဒဏ်ကို တခြား လုပ်ငန်း နယ်ပယ်တွေမှာလည်း ခံစားနေကြရပါတယ်။
အာရှတခွင်ထက် ကျယ်တဲ့ ဒေသမှာ နာမည်ကြီးတဲ့ အာလူးကြော် အမှတ်တံဆိပ် Calbee က ထုပ်ပိုးမှုအတွက် တံဆိပ်ရိုက်မယ့်မင် ပြတ်လပ်မှုကြောင့် သူတို့ရဲ့ အာလူးကြော်ထုပ်တွေကို အရင်ကလို အရောင်နဲ့ မထုတ်တော့ဘဲ အဖြူအမည်းပဲ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။
ဂျပန်ဟာ ပြည်တွင်း ရေနံ အရင်းအမြစ် မရှိတာကြောင့် ပြည်ပက တင်ပို့မှု အတိမ်းအစောင်း ဖြစ်လာရင် အများကြီး ထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
Ref:TheStraitstimes

