June 2, 2026

စစ်အာဏာသိမ်း (၁၉၄၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၃ AAPP ရဲ့ ဇွန်၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၄၈) ရက်အတွင်း ပြည်သူ (၈၀၇၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၀၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၄၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မြန်မာဦးဆောင်တဲ့ ကြိုးပမ်းမှုတွေကို အိန္ဒိယ ထောက်ခံ

နယူးဒေလီ ၊ ဇွန် ၃ အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာဦးဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။ ဇွန် ၁ ရက်နေ့က နယူး‌ဒေလီမြို့ရှိ Hyderabad House မှာ စစ်အစိုးရရဲ့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ချိန်မှာ…

မြဝတီ စစ်ရှောင်အများစု အရေပြားရောဂါ ဖြစ်ပွားနေ

မြဝတီ၊ ဇွန် ၃ ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်နဲ့ လူကြီးအများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေပြီး သန့်ရှင်းသောရေ ရရှိစေဖို့ အရေးပေါ်လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထံက သူတို့ရဲ့ အခက်အခဲတွေနဲ့ အရေးပေါ်လိုအပ်ချက်တွေကို တင်ပြလာတဲ့အတွက် ပြည်သူလူထုထံ အကူအညီတောင်းခံ နှိုးဆော်အပ်တာဖြစ်တယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ဆိုထားပါတယ်။…

သရက်ချောင်းမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး သေဆုံး

သရက်ချောင်း၊ ဇွန် ၃ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သင်းကျွန်းကျေးရွာမှာ စစ်တပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ သရက်နှစ်ခွကျေးရွာအနီး တပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်က လက်နက်ကြီး ပစ်ခတ်ရာကနေ သင်းကျွန်းကျေးရွာထဲကို…

ကင်ဂျုံအန်ဟာ အာဏာရှင် မဟုတ်ဘူးလို့ ဘီလာရုဇ် သမ္မတ ပြော

မင့်ဇ်၊ ဇွန် ၂ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ အာဏာရှင် တစ်ယောက် မဟုတ်ဘူးလို့ ဘီလာရုဇ်ရဲ့ သက်ဦးဆံပိုင် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှား အရာရှိ တစ်ယောက်ကို ဇွန် ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အခုနှစ် စောစောပိုင်းက ပြုံးယမ်းသို့ နိုင်ငံတော် ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် သမ္မတ လူကာရှန်ကိုက ကင်ဂျုံအန်နဲ့…

ဖူကူရှီးမား စက်ရုံဓာတ်ပေါင်းဖိုကနေ နျူကလီးယား လောင်စာတွေ ဖယ်ရှားမှု စတင်

တိုကျို၊ ဇွန် ၂ ဂျပန်နိုင်ငံ ဖူကူရှီမားဒေသရှိ ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ ဖူကူရှီးမား နံပါတ် ၁ နျူကလီးယား စွမ်းအင် စက်ရုံရှိ နံပါတ် ၂ ဓာတ်ပေါင်းဖိုရဲ့ အသုံးပြုပြီးသား လောင်စာကန်မှ နျူကလီးယား လောင်စာတွေကို တိုကျိုလျှပ်စစ် ဓာတ်အားပေး ကုမ္ပဏီ Tepco က ဇွန် ၂ ရက်ကနေ စတင် ဖယ်ရှားနေပြီ…

ပွင့်ဖြူမှာ ဒေသခံတွေကို ပျူစောထီးတွေ ဆက်တိုက်သတ်ဖြတ်နေ

မကွေး ဇွန် ၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက ဒေသခံတွေကို သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ ဇွန် ၂ ရက်နေ့တွေမှာ သမန်းရင်းနဲ့ မုန်းဇလဲကျေးရွာက ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “အဓိကကတော့ မင်းဘူးခရိုင်အမှတ် ၄…

မင်းဘူးမြို့နယ် ကြီးကန်ရွာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

မကွေး ဇွန် ၂ မကွေးတိုင်း မင်းဘူး (စကု)မြို့နယ် ကြီးကန်ကျေးရွာကို စစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။ ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ၆ ကြိမ် လေကြောင်းတိုက်ခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “အထိအခိုက်က မသိရသေးဘူး။ လေယာဉ်နှစ်စီးနဲ့ လာပြီး ပတ်ပစ်သွားတာ၊ အခုထိ စိုးရိ​မ်နေရတုန်း။”လို့…

မြန်မာပိုင်နက်ကို အသုံးချပြီး အိန္ဒိယ လုံခြုံရေး အကျိုးစီးပွားကို အန္တရာယ်ပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ မင်းအောင်လှိုင် ကတိပေး

နယူးဒေလီ၊ ဇွန် ၂ မြန်မာ ပိုင်နက်ကို အသုံးချပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို အန္တရာယ်ပေးခွင့်ပြုမှာ မဟုတ်ဘူးလို့ အာဏာသိမ်းပြီးနောက် သမ္မတ ရာထူးကို ရယူထားသူ မင်းအောင်လှိုင်က ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကို ဇွန် ၁ ရက်မှာ ကတိပေးခဲ့ပါတယ်။ အရှေ့မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက လှုပ်ရှားနေတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း…

လောင်းလုံးမြို့ပေါ် စစ်တပ်စခန်းတွေ ဝင်တိုက်ခံရ

လောင်းလုံး၊ ဇွန် ၂ တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သွားတယ်လို့ မြို့ခံတွေအပါအဝင် စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းလုံးမြို့အခြေစိုက် မြို့မရဲစခန်းနဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဇွန် ၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နှစ်နာရီကျော်အကြာ…