သထုံခရိုင်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု ပို တိုးလာ
မော်လမြိုင်၊ ဇွန်လ ၁ သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာတယ်လို့ ဗျူဟာ ၂၇ ဗျူဟာ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။a ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး စစ်တပ်ဟာ သူတို့ရဲ့ နောက်တန်း တပ်စခန်းဧရိယာအတွင်းနဲ့ရှေ့တန်းစခန်းတွေမှာ ခံစစ်တွေကို အသေအချာ ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ စစ်တပ်ဟာ…
