June 25, 2026

အလုပ်လုပ်ချင်စိတ်ရှိဖို့ လိုတယ်လို့ ဦးမင်းအောင်လှိုင်ပြောဆိုမှု လက်တွေ့နဲ့ ကင်းကွာနေ

နေပြည်တော် ၊ ဇွန် ၂၆ မြန်မာနိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်လို့ အလုပ်လုပ်နိုင်ရေးနဲ့ အလုပ်လုပ်ချင်စိတ်ရှိဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် ပြောဆိုမှုဟာ လက်တွေ့နဲ့ ကင်းကွာနေပါတယ်။ ဇွန် ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့မှုအပေါ် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း…

မော်လမြိုင်မှာ စစ်မှုထမ်း အမည်စာရင်းသွင်းဖို့ လိုက်လံဆင့်ခေါ်

မော်လမြိုင်၊ ဇွန် ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို မှတ်ပုံတင် အမည်စာရင်း သွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာ ဖြစ်ပါတယ်။ စစ်မှုထမ်း အမည်စာရင်း…

ဘားအံဇွဲကပင်တောင်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ထိရောက်စွာ အရေးယူမယ်

ဘားအံ၊ ဇွန် ၂၆ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်မှာ လာရောက်လည်ပတ်သူတွေအနေနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။ ဇွန် ၂၃ ရက်နေ့ရက်စွဲနဲ့ စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့် ထုတ်ပြန်သွားခဲ့တာပါ။ ကရင်ပြည်နယ်ရဲ့ ခရီးစဉ်ဒေသတွေမှာ ဇွဲကပင်တောင်ခရီးစဉ်ဒေသဟာ ပြည်နယ်ရဲ့ အထိမ်းအမှတ်အဖြစ် ထင်းရှားတဲ့…

ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း အမြွှာငလျင်ကြောင့် သေဆုံးသူ ၁၆၄ ဦးအထိ ရှိလာ

ကရာကတ်စ် ဇွန် ၂၅ ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၆၄ ဦးထက်မနည်း သေဆုံးကာ ၉၇၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မြို့တော် ကာရာကတ်စ်အနီး ဒေသတွေမှာ အဆောက်အအုံ အများအပြား ပြိုကျခဲ့သလို တချို့အဆောက်အအုံတွေကလည်း ပြင်းပြင်းထန်ထန်…

မြန်မာ စစ်အစိုးရကို တရားဝင် အသိအမှတ်မပြုကြောင်း မလေးရှား ပြော

ကွာလာလမ်ပူ ဇွန် ၂၆ မလေးရှားဟာ လက်ရှိ မြန်မာ ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရအဖွဲ့ကို အသိအမှတ်မပြုကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က နေပြည်တော်ကို သွားပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တာကြောင့် မလေးရှားက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီး ဟာဆန်ကတော့ သူတို့ကို…

အာဖရိကပြင်ပမှာ ပထမဆုံးအနေနဲ့ ပြင်သစ်မှာ အီဘိုလာရောဂါ ကူးစက်သူ တွေ့ရှိ

ပါရီ၊ ဇွန် ၂၅ အီဘိုလာရောဂါ ပျံ့နှံ့မှု အကြီးအကျယ် ဖြစ်ပွားနေတဲ့ ကွန်ဂိုနိုင်ငံကနေ လေကြောင်းခရီးနဲ့ ပြန်လာသူ ဆရာဝန် တစ်ဦး ရောဂါ ကူးစက်ခံထားရကြောင်း ပြင်သစ် ကျန်းမာရေးအရာရှိတွေက အတည်ပြုလိုက်ပါတယ်။ ယူဂန္ဓာနိုင်ငံကိုလည်း ထိခိုက်စေခဲ့တဲ့ ရောဂါ ပျံ့နှံ့မှုအတွင်း ပြင်သစ်မှာ တွေ့ရှိတဲ့ လူနာဟာ အာဖရိက ပြင်ပမှာ ပထမဆုံး တွေ့ရှိတဲ့ လူနာ ဖြစ်ပါတယ်။…

ရန်ကုန် – မော်လမြိုင် နေ့ချင်းပြန် ရထားခရီးစဉ် ဇူလိုင် ၁ ရက်မှာ စတင်ပြေးဆွဲမယ်

မော်လမြိုင်၊ ဇွန် ၂၅ ရန်ကုန် – မော်လမြိုင်၊ မော်လမြိုင် – ရန်ကုန် နေ့ချင်းပြန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်ကို လာမယ့် ဇူလိုင် ၁ ရက်မှာ စတင်ပြေးဆွဲမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားကို ရန်ကုန်- နေပြည်တော်နဲ့ ရန်ကုန်-မန္တလေး…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အမွှာကိုယ်ဝန်ဆောင် မိခင်အပါအဝင် လေးဦး သေဆုံး

ဘီးလင်း၊ ဇွန် ၂၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာမှာ အာဏာသိမ်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၇ လအရွယ် အမွှာကိုယ်ဝန်ဆောင် မိခင်အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဘီးလင်းအခြေစိုက် အမှတ် ၃…

ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်ပြီးနောက် အရေးပေါ်အခြေအနေ ကြေညာ

ကာရာကတ်စ်၊ ဇွန် ၂၅ ဗင်နီဇွဲလားနိုင်ငံမှာ အားပြင်းတဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်လှိုင်းဒါဇင်နဲ့ချီ လှုပ်ခတ်ခဲ့ပြီးနောက် ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က ဇွန် ၂၃ ရက်မှာအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ အားပြင်းတဲ့ ငလျင်တွေကြောင့် မြို့တော် ကာရာကတ်စ်နဲ့ တခြားနေရာတွေမှာ ရှိတဲ့ အဆောက်အဦတွေ ပြိုကျခဲ့ပါတယ်။ အမျိုးသားလွှတ်တော် အကြီးအကဲနဲ့ ပြည်ထဲရေး…