နယ်စပ်လုံခြုံရေးအားနည်းမှု အစိုးရချင်းညှိနှိုင်းမယ်လို့ အာဏာသိမ်းသမ္မတပြော
နေပြည်တော် ၊ ဇွန် ၂၄ လက်ရှိအနေအထားမှာ နယ်စပ်လုံခြုံရေး အားနည်းနေတဲ့အပေါ် နှစ်ဘက်အစိုးရချင်းချင်း ညှိနှိုင်းရမယ့် ကိစ္စဖြစ်ပြီး အစိုးရကပဲ လုပ်လို့ ရတာမို့ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့ မရဘူးလို့ စစ်အစိုးရရဲ့ သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ အာဏာသိမ်း သမ္မတရဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ်အခြေစိုက် Phoenix သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ…
