မကွေး ဇွန် ၂၃

မကွေးတိုင်း မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ Mi 17 အမျိုးအစား ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့တယ်လို့ Magway PDF က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက်မှာ မဟာမိတ်အင်အားစုတွေပူးပေါင်းပြီး မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ Mi 17 ကိုပစ်ချနိုင်ခဲ့တာလို့သိရပါတယ်။

“ပစ်ချခံရတဲ့သတင်းကတော့ အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာအဖွဲ့တွေကပဲ ထုတ်ပြန်ပါလိမ့်မယ်။” လို့ မြိုင်မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်ကတော့ “Mi 17 ပစ်ချတာကို အတည်ပြုခဲ့ပြီး ERO နယ်မြေမဟုတ်တဲ့ အညာဒေသမှာ Mi 17 ပစ်ချနိုင်တဲ့ပထမဆုံး ဖက်ဒရယ်ယူနစ်ဟာ မကွေးပါပဲ။ ဒီနေ့ဟာ မကွေးဖက်ဒရယ်ယူနစ်ရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်” လို့ သူဲရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးရေးသားထားပါတယ်။

Mi 17 ကို မည်သည့်လက်နက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.