ဘန်ကောက်၊ ဇွန် ၂၃

တရုတ် နိုင်ငံသားတွေကို မတရား စီးပွားရှာသူများ အဖြစ် တံဆိပ်ကပ်မှုကြောင့် စိုးရိမ်မိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒါဟာ သမရိုးကျ တရုတ်လူမျိုးတွေအပေါ် မမျှမတ တံဆိပ်ကပ်မှု ဖြစ်ပြီး တရုတ်နိုင်ငံမှာ ထိုင်းနိုင်ငံသားတွေဟာ ခင်မင်မှု မရှိဘူးလို့ အထင်ရောက်သွားစေတယ်လို့ တရုတ် သံအမတ်ကြီးက ပြောကြားကြောင်း ထိုင်း ကမ္ဘာလှည့် ခရီးသွားလာရေးနဲ့ အားကစား ဝန်ကြီး ဆူရာဆက် ဖန်ချာရိုအန် ဝူရာကူးလ်က ဇွန် ၂၃ ရက်မှာ ပြောဆိုပါတယ်။

ဇွန် ၂၃ ရက်က အစိုးရအိမ်တော်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများရှေ့မှောက် ပြောကြားရာ ဝန်ကြီး ဆူရာဆက်က သူနဲ့ တရုတ်သံအမတ်ကြီးတို့ မကြာသေးခင်က တွေ့ဆုံခဲ့ပြီး အဲဒီ ကိစ္စကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

တရုတ် ခရီးသွားတွေ ဥပဒေ ချိုးဖောက်ရင်တော့ ကျွန်တော်တို့ အဲဒီလို ပြောရမှာ ဖြစ်ပေမယ့် ထိုင်းနိုင်ငံကို လာရောက်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို အကျိုးပြုနေတဲ့ တရုတ် ခရီးသွားတွေ အများကြီး ရှိတယ်လို့ တရုတ် သံအမတ်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံသားတချို့ ထိုင်းမှာ မကောင်းတာလုပ်တယ်ဆိုတာကို သံအမတ်ကြီးက ဝန်ခံပြီး လူဆိုတာ ကောင်းတဲ့လူရော၊ မကောင်းတဲ့လူတွေပါ ရှိတယ်လို့ တရုတ် သံအမတ်ကြီးက ပြောခဲ့တာပါ။

တရုတ် နိုင်ငံသားတွေကို တစ်စုတစ်ဝေးတည်း မကောင်းတာ လုပ်စားတဲ့ လူတွေလို့ သတ်မှတ်တာဟာ နိုင်ငံနဲ့ချီပြီး သတ်မှတ်သလို ဖြစ်နေတယ်လို့လည်း တရုတ် သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း ဝန်ကြီး ဆူရာဆက်က ပြန်ရှင်းပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဘယ်နိုင်ငံသား ဖြစ်ဖြစ် ဥပဒေ ချိုးဖောက်ရင် ဥပဒေအတိုင်း ဆက်လက် အရေးယူသွားမှာ ဖြစ်ကြောင်း၊ တရုတ် လူမျိုးတွေကိုပဲ သီးသန့် အစားအသောက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေမှာ တရုတ် လူမျိုးတွေပဲ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ သူက ဒါဟာ ထိုင်းဥပဒေအရ တရားမဝင်ဘူးလို့ ပြောပါတယ်။

ဒီလိုလုပ်ရပ်မျိုးကို နှိမ်နှင်းသွားမှာ ဖြစ်ပြီး နှိမ်နှင်းရာမှာလည်း အစိုးရဌာနတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆူရာဆက်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.