June 6, 2026

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သား တစ်ဦး သေဆုံး

ကျိုက်ထို၊ ဇွန် ၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာနဲ့ ဌက်ပျောတောကျေးရွာကြားမှာ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇွန် ၅ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်လောက်မှာ ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ဌက်ပျောတောကျေးရွာဘက်ကို လက်နက်ကြီး သုံးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။…

မောတောင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ထောင်ချီ တိမ်းရှောင်နေရ

တနင်္သာရီ၊ ဇွန် ၆ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့အနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ထံက သိရပါတယ်။ မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်တဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစလို့ မောတောင်မြို့ရဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ…

မြန်မာနိုင်ငံ သင်းကွဲ ဖြစ်နေတာကို အာဆီယံက အလိုမရှိဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပြော

ဘန်ကောက်၊ ဇွန် ၆ ဆီဘူးမြို့မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေအရ မြန်မာနိုင်ငံသို့ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည် သုံးသပ်ဖို့ အဖွဲ့ဝင် တချို့ ဆန္ဒပြင်းပြလာကြောင်း ဖော်ပြနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ လက်ထောက် ဝန်ကြီးချုပ် ဆီဟာဆက် ဖျူအန်ကက်ကွေးက ပြောလိုက်ပါတယ်။ အခြေအနေ တနည်းနည်း…

ဇီလန်စကီးနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပူတင် တုံ့ပြန်

မော်စကို၊ ဇွန် ၆ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၅ ရက်မှာ ပယ်ချလိုက်ပါတယ်။ လေးနှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဗီလန်စကီးက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ပူတင်က အခုလိုမျိုး တုံ့ပြန်လာတာပါ။ သူ့ရဲ့…