May 25, 2026

ပြည်အကျဉ်းထောင်မှာ NLD ပါတီဝင် နိုင်ကျဉ်းတစ်ဦးသေဆုံး

ပြည်၊ မေ ၂၆ ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားတစ်ဦး နှလုံး သွေးကြောကျဉ်းရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြည်အကျဉ်းထာင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အသက် ၄၉ နှစ်အရွယ် ကိုဌေးအောင်နိုင်ဟာ ပြီးခဲ့တဲ့ မေ ၂၂…

ဗြိတိန် ကာကွယ်ရေးဝန်ကြီး လိုက်ပါလာတဲ့ လေယာဉ် ရုရှား နယ်စပ်အနီးမှာ ဂျမ်မာနဲ့ တားဆီးခံရ

လန်ဒန်၊ မေ ၂၅ ဗြိတိန် ကာကွယ်ရေးဝန်ကြီး လိုက်ပါလာတဲ့ တော်ဝင်လေတပ် လေယာဉ်ဟာ အခုသီတင်းပတ် စောစောပိုင်းက ရုရှားနယ်စပ်အနီးမှာ ပျံသန်းနေချိန် လေယာဉ်ရဲ့ ဆက်သွယ်ရေးလိုင်း ဂျမ်မာနဲ့ တားဆီးခံခဲ့ရပါတယ်။ ဂျွန် ဟာလေဟာ အက်စတိုးနီးယားရှိ ဗြိတိန် စစ်သားတွေနဲ့ သွားရောက် တွေ့ဆုံပြီး မေ ၂၁ ရက်က ဗြိတိန်သို့ ပြန်လာချိန်မှာ အဲဒီ ဖြစ်ရပ်…

အာဆာ အဖွဲ့ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ICC ထံ Fortify Rights အဖွဲ့ တိုက်တွန်း

ဝါရှင်တန်၊ မေ ၂၅ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အတာ အူလာကို ဖမ်းဝရမ်း ထုတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights နဲ့ နာမည် ဖော်ပြမထားတဲ့ ရိုဟင်ဂျာ အဖွဲ့ ၇ ဖွဲ့က ICC ထံ တောင်းဆိုလိုက်ပါတယ်။ အဲဒီ အာဆာခေါင်းဆောင်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ချ်မှာ စစ်ရာဇဝတ်မှုတွေနဲ့…

မုန်းအခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို KNLA ဝင်စီး

မုန်း၊ မေ ၂၅ ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ မုန်းမြို့နယ် ရွာကြီးအင်းနဲ့တောင်စုကျေးရွာကြားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃) တပ်ရင်း(၈) က ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒါ့အပြင်…

တနင်္သာရီမှာ စစ်မှုထမ်းတပ်သား ခြောက်ဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ မေ ၂၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာအခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်နေတဲ့ စစ်မှုထမ်းတပ်သား ခြောက်ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ခြောက်ဦးဟာ နေပြည်တော်အခြေစိုက် အမှတ် ၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(မိုးစွေ)မှ စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းဆင်းတပ်သားတွေ…

ပါကစ္စတန်မှာ ရထား ဖောက်ခွဲတိုက်ခိုက်ခံရလို့ လူ ၂၀ ထက်မနည်း သေဆုံး

ကူယက်တာ၊ မေ ၂၅ ပါကစ္စတန်မှာ စစ်ဖက်ဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ရထား ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မေ ၂၄ ရက် မနက်ပိုင်းက နိုင်ငံအနောက်ပိုင်း ဘာလူချီစတန်ဒေသ မြို့တော် ကူယက်တာရှိ ချာမန် ဖာတက်ခ် ဘူတာရုံကို ရထား ဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ…

တရုတ်က နှစ်ချီကြာမြင့်မယ့် အာကာသခရီးစဉ်အတွက် အာကာသယာဉ်မှူးတွေ စေလွှတ်

ကျီကွန်၊ မေ ၂၅ မေ ၂၄ ရက်မှာ တရုတ်က သူတို့ရဲ့ အာကာသစခန်းသို့ အာကာသယာဉ်မှူး ၃ ဦး စေလွှတ်လိုက်ပြီး သူတို့ထဲက တစ်ဦးဟာ တရုတ်နိုင်ငံအတွက် စံချိန်တင်အနေနဲ့ တစ်နှစ်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။ ဘေဂျင်းက ၂၀၃၀ ပြည့်နှစ်မှာ လပေါ်သို့ လူတွေ စေလွှတ်ဖို့ ရည်မှန်းချက်ပြည့်အောင် ဆောင်ရွက်နေချိန် အာကာသထဲမှာ အချိန်အကြာကြီး…