ဝါရှင်တန်၊ မေ ၂၅

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အတာ အူလာကို ဖမ်းဝရမ်း ထုတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights နဲ့ နာမည် ဖော်ပြမထားတဲ့ ရိုဟင်ဂျာ အဖွဲ့ ၇ ဖွဲ့က ICC ထံ တောင်းဆိုလိုက်ပါတယ်။

အဲဒီ အာဆာခေါင်းဆောင်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ချ်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

လူသတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြမ်းဖက်မှု သံသယတွေနဲ့ လူတွေကို အခြေခံ လူ့အခွင့်အရေးတွေ ခွင့်မပြုတာကြောင့် စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အာဆာအဖွဲ့ဟာ အတာ အူလာရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ အဲဒီ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။

အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် ကျူးလွန်သူတွေ ပိုမို ရဲတင်းလာမှာ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူ့ကို ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်က ဘင်္ဂလားဒေ့ချ် အရာရှိတွေက ဖမ်းဆီးခဲ့ပေမယ့်
သူဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ချ် ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက် အပြစ်ပေးမခံရဘဲ လွတ်မြောက်နိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးထားပါတယ်။

သူတို့က အတာ အူလာကို ICC က ဖမ်းဝရမ်းထုတ်ရေး ဘင်္ဂလားဒေ့ချ် အစိုးရ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ICC ရှေ့နေ ကာရင်မ် ခန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နှိမ်နှင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ အပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ မင်းအောင်လှိုင် စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ်ကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြ ပါတယ်။

ဒီအတောအတွင်း စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရ အမိန့်ကို ချိုးဖောက်ရင် တွေ့တဲ့ နေရာမှာ ပစ်သတ်ဖို့ စစ်တပ်က အမိန့်ထုတ်ထားပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.