လန်ဒန်၊ မေ ၂၅

ဗြိတိန် ကာကွယ်ရေးဝန်ကြီး လိုက်ပါလာတဲ့ တော်ဝင်လေတပ် လေယာဉ်ဟာ အခုသီတင်းပတ် စောစောပိုင်းက ရုရှားနယ်စပ်အနီးမှာ ပျံသန်းနေချိန် လေယာဉ်ရဲ့ ဆက်သွယ်ရေးလိုင်း ဂျမ်မာနဲ့ တားဆီးခံခဲ့ရပါတယ်။

ဂျွန် ဟာလေဟာ အက်စတိုးနီးယားရှိ ဗြိတိန် စစ်သားတွေနဲ့ သွားရောက် တွေ့ဆုံပြီး မေ ၂၁ ရက်က ဗြိတိန်သို့ ပြန်လာချိန်မှာ အဲဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ Times သတင်းဌာနက ပထမဆုံး ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှား ပါဝင်နေတယ်လို့ ယုံကြည်ရပြီး လေယာဉ်မှူးတွေ အနေနဲ့ မတူညီတဲ့ ပျံသန်းရေး စနစ်ကို အသုံးပြုခဲ့ရပါတယ်။

သုံးနာရီကြာ ခရီးစဉ်အတွင်း လေယာဉ်ရဲ့ နေရာပြစနစ် GPS အလုပ်မလုပ် ဖြစ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပင်လယ်နက်ပေါ်မှာ RAF ထောက်လှမ်းရေး လေယာဉ် တစ်စီးကို ရုရှား စစ်လေယာဉ် နှစ်စီးက အကြိမ်ကြိမ် အန္တရာယ်ရှိရှိ ကြားဖြတ်တားဆီးခဲ့ပြီးနောက် တစ်ရက် အကြာမှာ အဲဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ဟာလေကို ပစ်မှတ်ထားဖို့ ရည်ရွယ်တာလားဆိုတာ မသိရပေမယ့် လေယာဉ်လမ်းကြောင်းကို လေယာဉ် ခြေရာခံ ဝက်ဘ်ဆိုက်တွေမှာ မြင်သာတယ်လို့ သိရပါတယ်။

မှတ်ချက်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။

အက်စတိုးနီးယား ခရီးစဉ်အတွင်း ရုရှား နယ်စပ်အနီး နေတိုး အဖွဲ့ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်နေတဲ့ ဗြိတိန် စစ်သားတွေကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက သီးခြား ဖြစ်ရပ် တစ်ခုမှာ ရုရှား Su-35 တိုက်လေယာဉ် တစ်စီးက Rivet Joint ထောက်လှမ်းရေး လေယာဉ် တစ်စီးဆီ ချဉ်းကပ်လာပြီး လေယာဉ်ရဲ့ အရေးပေါ် စနစ် ပွင့်သွားလောက်အောင် အနီးကပ် လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ရဲ့ အလိုအလျောက် မောင်းနှင်မှု စနစ် အလုပ်မလုပ် ဖြစ်သွားခဲ့တာပါ။

Su-27 လေယာဉ်ဟာ ဗြိတိန် လေယာဉ်ရှေ့ကနေ ၆ ကြိမ်တိုင် ဖြစ်သန်းခဲ့ပြီး လေယာဉ် နှုတ်သီးနဲ့ ၆ မီတာအထိ နီးကပ်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်မှူးတွေရဲ့ ပညာရှင်ဆန်မှုကို ဝန်ကြီး ဟာလေက ချီးကျူးထားပြီး ရုရှားလေယာဉ်ရဲ့ အနီးကပ် ပျံသန်းမှုဟာ လက်မခံ နိုင်စရာ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.