လုံခြုံရေးနဲ့ အုပ်ချုပ်မှုယန္တရား အရှိန်အဟုန်မြှင့်မယ်လို့ တပ်ချုပ် ကြွေးကြော်
နေပြည်တော် ၊ မေ ၂၃ အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရရဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ မေ ၂၂ ရက်နေ့က Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားခဲ့တာပါ။…
