ဆေးခြောက်ရောင်းချမှုဆိုင်ရာ ဥပဒေကို ထိုင်းအစိုးရ တင်းကြပ်
ဘန်ကောက်၊ မေ ၁၆ ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက်ပဲ သုံးစွဲရမယ်လို့ ဝန်ကြီးဌာနက ဥပဒေတစ်ရပ် တင်းတင်းကြပ်ကြပ် ပြဌာန်းလိုက်ပြီးနောက် ဆေးခြောက်ရောင်းချမှုအပေါ် ထိုင်း တိုင်ရင်းဆေးဝါးဌာနက တင်းကြပ်လိုက်ပါတယ်။ အခု အစီအစဉ်တွေက နိုင်ငံတဝှမ်းရှိ ဆေးခြောက်လုပ်ငန်းတွေကို အစိုးရရဲ့ မူဝါဒနဲ့ အညီ ပြန်လည် စုစည်းဖို့ အထောက်အကူပြုလိမ့်မယ်လို့ တိုင်းရင်းဆေးဝါးဌာန အကြီးအကဲ ဒေါက်တာ ဖွန်ဆက်ဟွန် ပွတ်ပမ်ဒီးက ပြောပါတယ်။…
