စစ်မှုထမ်းထောင်ချီ အိမ်ပြန်မလာနိုင်ပေမယ့် စစ်မှုထမ်းပြီးရင် အလုပ်ရမယ်လို့ စစ်တပ်မက်လုံးပေး
မော်လမြိုင် ၊ မေ ၃ သတ်မှတ်ကာလပြည့်လို့ တာဝန်းထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အလုပ်အကိုင်ဖန်တီးပေးမယ်လို့ စစ်တပ်က မက်လုံးပေးနေပေမယ့် အပတ်စဉ် ၁ မှာတင် အိမ်ပြန်မလာနိုင်သူ ထောင်ချီရှိနေတယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ ကို တိုင်းနဲ့ပြည်နယ်တွေမှာ…
