ဝါရှင်တန်၊ မေ ၂
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်နဲ့ အပစ်အခတ် ရပ်စဲထားတာကြောင့် ရန်လို တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီ ဖြစ်ကြောင်း ပြောပါတယ်။
သူ့အနေနဲ့ အီရန် စစ်ပွဲ ဆက်လက် ဆင်နွှဲရေး လွှတ်တော်ရဲ့ ခွင့်ပြုချက် ယူစရာမလိုဘူးလို့လည်း ထရန့်က ပြောပါတယ်။
လွှတ်တော် ခေါင်းဆောင်တွေဆီ ပေးပို့တဲ့ စာမှာ ထရန့်က အီရန် စစ်ပွဲဟာ အပစ်အခတ် ရပ်စဲထားပြီး ဖြစ်တာကြောင့် စစ်ဖြစ်နေသေးတယ်လို့ မသတ်မှတ်နိုင်ကြောင်း ဖော်ပြထား ပါတယ်။
၁၉၇၃ စစ်အင်အား ဖြေရှင်းရေးဆိုင်ရာ ဥပဒေအရ အမေရိကန် သမ္မတ တစ်ယောက်အနေနဲ့ စစ်ရေးအရ အရေးယူ ဆောင်ရွက်ပိုင်ခွင့် ရက် ၆၀ ပဲ ရှိတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံရင်တာ ဒါမှမဟုတ် အရေးတကြီးလိုအပ်ရင် နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်း တိုးနိုင်ပါတယ်။
အီရန်က နောက်ဆုံး အဆိုပြုမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ထရန့်က မကျေနပ် ဖြစ်နေတယ်လို့ ဖော်ပြထားချိန် အီရန်ရဲ့ အဆိုပြုချက် ချက်ချင်းပယ်ချ ခံခဲ့ရတယ်လို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ နှစ်လက လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ပြီးနောက်ပိုင်း စစ်ပွဲအကြောင်း ၄၈နာရီ အကြာမှာ လွှတ်တော်သို့ တရားဝင် အကြောင်းကြား ပေးရမှာ ဖြစ်ပြီး ရက်ပေါင်း ၆၀ အထိပဲ ဆုံးဖြတ်ခွင့်ရှိတာ ဖြစ်ပါတယ်။
အဲဒီ ရက်ပေါင်း ၆၀ ဟာ မေ ၁ ရက်က ပြည့်သွားတဲ့အချိန်မှာ ထရန့်က စစ်ပွဲ ဆက်လက် ဆင်နွှဲရေး လွှတ်တော်ရဲ့ ခွင့်ပြုချက် ယူစရာမလိုဘူးလို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
စစ်ပွဲနဲ့ ပတ်သက်လို့ သုံးနိုင်တဲ့ အာဏာဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ထရန့်က ပြောပါတယ်။
အမေရိကန်မှာ သမ္မတကို စစ်တပ်ရဲ့ရာထူး အမြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာကြောင့် အဲဒီ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့ ရီပက်ဘလေကန် သမ္မတတွေရော ဒီမိုကရင် သမ္မတတွေပါ စောဒက တက်ခဲ့ဖူးပါတယ်။
“ကျွန်တော်တို့ အပစ်အခတ်ရပ်စဲထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက် အချိန်တွေ ပိုရလာပါတယ်” လို့ ထရန့်က ပြောပါတယ်။
လက်ရှိ အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားပြီး ကမ္ဘာ့လောင်စာ အတွက် အရေးပါတဲ့ သင်္ဘော လမ်းကြောင်းကို အီရန်က ပိတ်ထားတာကြောင့် ကမ္ဘာ အနှံ့ စွမ်းအင် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Reuters

