April 17, 2026

အကျဉ်းသား ၄၃၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

နေပြည်တော်၊ ဧပြီ ၁၇ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က…

လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အာဏာသိမ်း သမ္မတ ဖိတ်ခေါ်

နေပြည်တော်၊ ဧပြီ ၁၇ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။ အာဏာသိမ်း သမ္မတက အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊…

ပိုင်ဆိုင်ထားတဲ့ ယူရေနီယံတွေကို လွှဲပေးဖို့ အီရန်သဘောတူကြောင်း ထရန့် ပြော

တီဟီရန် ဧပြီ ၁၇ အီရန်က သူတို့ပိုင်ဆိုင်ထားတဲ့ ပြည့်ဝယူရေနီယံတွေကို လွှဲပေးဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်းနဲ့ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ သဘောတူညီမှုနီးလာပြီလို့လည်း သမ္မတ ထရန့်က ပြောပါတယ်။ အရင်က အမေရိကန်ဘက်ကတော့ အီရန်ဘက်က သဘောမတူရင် လေကြောင်းတိုက်ခိုက်မှု ပြန်စမယ်၊ ဆိပ်ကမ်းတွေကို ပိတ်မယ်ဆိုပြီး သတိပေးထားတာရှိပါတယ်။ အမေရိကန်နဲ့ အီရန်ကြားကစစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က…

သံတမန်တွေအပေါ် ခြိမ်းခြောက်မှု စစ်ဆေးဖော်ထုတ်ပေးဖို့ ဂျပန်ကို တရုတ် တောင်းဆို

တိုကျို ဧပြီ ၁၇ ဂျပန်အခြေစိုက် တရုတ်သံရုံးက တစ်လအတွင်း သူတို့သံတမန်တွေထံ ခြိမ်းခြောက်မှု ၃ ကြိမ် ရောက်ရှိလာလို့ လုံခြုံရေးကာကွယ်မှု မလုံလောက်ဘူးလို့ ဂျပန်အစိုးရကို စွပ်စွဲလိုက်ပါတယ်။ ဧပြီ ၁၇ ရက်က လူမှုမီဒီယာ X မှာ တရုတ်သံရုံးဘက်နေထုတ်ပြန်တဲ့စာထဲ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပြီး တရားခံတွေကို ပြင်းထန်စွာ အရေးယူဖို့ တိုကျိုအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။…