March 30, 2026

စစ်အာဏာသိမ်း (၁၈၈၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၃၁ AAPP ရဲ့ မတ်၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၈၄) ရက်အတွင်း ပြည်သူ (၇၉၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၇၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၄၂၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သမ္မတလုပ်မယ့် စစ်ခေါင်းဆောင်နဲ့ တပ်ချုပ်သစ်တို့ တိုင်းပြည်ကို ဘယ်လို ခြယ်လှယ်ဦးမလဲ

နေပြည်တော် ၊ မတ် ၃၁ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်တာ ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုအခါမှာ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး နိုင်ငံတော်သမ္မတဖြစ်မယ့် အိပ်မက်ကို အကောင်အထည်ဖော် ခြေလှမ်းနေပါတယ်။ မတ် ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ ဒုသမ္မတ နှစ်ဦးစီရဲ့ အမည်စာရင်းတွေကို တင်သွင်းခဲ့ကြသလို တပ်ချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး…

မွန်မှာ တောင်သူတွေ စက်သုံးဆီရဖို့ မီးစက်ကြီးတွေနဲ့ လာရောက်ဝယ်ယူနေရ

မော်လမြိုင်၊ မတ် ၃၁ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ နွေစပါး၊ ဥယျာဉ်ခြံနဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ တောင်သူတွေဟာ စက်သုံးဆီရရှိရေးအတွက် မီးစက်ကြီးတွေနဲ့ လာရောက်ဝယ်ယူနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီတွေဟာ အီရန်စစ်ပွဲကြောင့် မတ်လပထမအပတ်ကစလို့ လိုသလောက် ဝယ်ယူလို့ မရတာ၊ ပုံးတွေ၊ ပေပါတွေနဲ့ လုံးဝ မရောင်းဖို့ စစ်ကော်မရှင် မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ်…

မြဝတီ ဖလူးဒေသက DKBA တပ်စခန်းတွေကိုပါ စစ်တပ် တိုက်ခိုက်လာ

မြဝတီ၊ မတ် ၃၁ ကရင်ပြည်နယ် မြဝတီတောင်ပိုင်း ဖလူးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအပြင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကိုပါ စစ်ကော်မရှင်တပ်က ပစ်မှတ်တိုက်ခိုက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ဖလူးနယ်မြေမှာ မတ်လ ၂၈ ရက်က စစ်ကော်မရှင်တပ် မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဖလူးကြီးကျေးရွာမှာရှိတဲ့…

သင်္ကြန်ပွဲတော်မှာ လောင်စာ အလုံအလောက်ရှိတယ်လို့ ထိုင်းအစိုးရ အာမခံ

ဘန်ကောက်၊ မတ် ၃၀ လာမယ့် သင်္ကြန် အားလပ်ရက်ကာလအတွင်း လိုအပ်ချက်ပြည့်မီရေး ထောက်ပံ့ပေးဖို့ လောင်စာ အလုံအလောက်ရှိကြောင်း ထိုင်း အစိုးရက အတည်ပြုလိုက်ပါတယ်။ အာဏာပိုင်တွေက လောင်စာ ပြတ်လပ်နိုင်ခြေရှိတယ်ဆိုတဲ့ အများပြည်သူ စိုးရိမ်မှုတွေ ပြေလျော့စေရေး ကြိုးပမ်းမှုတွေကို စောင့်ကြည့်ပြီး နိုင်ငံတဝှမ်း လောင်စာ ဖြန့်ဖြူးမှု အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာ အခုလို အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။…

အီရန်ကို မြေပြင်ထိုးစစ်ဆင်ဖို့ ထရန့် အမိန့် ပင်တဂွန် စောင့်ဆိုင်းနေ

ဝါရှင်တန်၊ မတ် ၃၀ သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်တဲ့ အီရန် မြေပြင် စစ်ဆင်ရေးတွေအတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ The Washington Post သတင်းဌာနက ရေးပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ အဲဒီ မြေပြင်ထိုးစစ်ဆင်မှုတွေဟာ ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်မှု မြောက်မှာ မဟုတ်ပေမယ့် ခြေမြန်တပ်တွေနဲ့ အထူးတပ်ဖွဲ့တွေရဲ့ စီးနင်း တိုက်ခိုက်မှုတွေ ပါဝင်နိုင်တယ်လို့…

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ် ရာထူး လွှဲပြောင်းရယူ

နေပြည်တော်၊ မတ် ၃၀ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နားမျက်စိလို့ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းရယူလိုက်တယ်လို့ စစ်ကော်မရှင်က အတည်ပြုထုတ်ပြန်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီကနေ့ မတ် ၃၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတာယ်။ ဒီအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

အမေရိကန် မြေပြင်တပ်ဖွဲ့တွေ ရောက်လာရင် မီးမိုးရွာချပစ်မယ်လို့ အီရန် ကြွေးကြော်

ဝါရှင်တန်၊ မတ် ၃၀ အီရန်ရဲ့ လောင်စာထုတ်လုပ်မှု အဓိက စုရပ် ခါ့ခ်ကျွန်းကို သိမ်းပိုက်နိုင်ခြေရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုနေချိန်မှာ အီရန်ကတော့ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ နိုင်ငံထဲရောက်လာရင် မီးမိုးရွာချပစ်မယ်လို့ ကြွေးကြော်နေပါတယ်။ မတ် ၃၀ ရက် မနက်ပိုင်းက အာရှဈေးကွက်များ ဖွင့်လှစ်ချိန် ရေနံဈေး တစ်စည်ကို ၁၁၅ ဒေါ်လာကျော်အထိ…

အမေရိကန် နိုင်ငံတဝှမ်း ထရန့်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူ ၈ သန်းကျော် ပါဝင်

ဝါရှင်တန်၊ မတ် ၃၀ “ဘုရင်မရှိ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ဆန္ဒပြပွဲတွေအဖြစ် ထရန့် အစိုးရကို ဆန့်ကျင်တဲ့ အမေရိကန် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအတွင်း လူ ၈ သန်းကျော် ပါဝင်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ အီရန် စစ်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး နှိမ်နှင်းမှုနဲ့ နေထိုင်စားသောက်မှု ကုန်ကျစရိတ် မြင့်တက်နေမှုတို့လို ကိစ္စတွေနဲ့ သမ္မတ ဒေါ်နယ်…

စစ်ခေါင်းဆောင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်း

နေပြည်တော်၊မတ် ၃၀ သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေတို့ နှစ်ဦးကို အမည်စာရင်း တင်သွင်းထားပါတယ်။ အမျိုးသားလွှတ်တော်မှာတော့…