KK Park ကို စစ်တပ် ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် လုပ်သားအများအပြား တိမ်းရှောင်
မြဝတီ၊ အောက်တိုဘာ ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park ဝင်းထဲကို စစ်ကော်မရှင်တပ်က ထပ်မံပြီး ဝင်ရောက်စစ်ဆေးသွားမယ်လို့ သတင်းတွေထွက် ပေါ်ခဲ့ပြီးနောက် ဝင်းထဲက အလုပ်သမားအများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့က နယ်စပ်နားက KK Park ကျားဖြန့်ဝင်းထဲကို…
