တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိတိုးလာ
တနင်္သာရီ၊ အောက်တိုဘာ ၂၄ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရသူ ရှစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ…
