October 2025

အစားအစာ အကူအညီ ရန်ပုံငွေ ရပ်တန့်မယ့် အစီအစဉ်ကြောင့် ထရန့် အစိုးရကို အမေရိကန် ပြည်နယ် ထက်ဝက် တရားစွဲ

ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ဝင်ငွေနည်း အမေရိကန်ပြည်သူ သန်း ၄၀ ကျော် အသုံးပြုနေတဲ့ စားနပ်ရိက္ခာ အကူအညီ ရန်ပုံငွေ ရပ်တန့်မယ့် အစီအစဉ်ကြောင့် ထရန့်အစိုးရကို အမေရိကန်ပြည်နယ် ထက်ဝက်က တရားစွဲဆိုထားပါတယ်။ ဖြည့်စွက်အာဟာရ အကူအညီ စီမံကိန်း Snap အတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကို အစိုးရ သုံးစွဲလာအောင် လုပ်ဆောင်နိုင်မယ်လို့…

မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ စေလွှတ်ရေး အာဆီယံအတွင်း ဘုံသဘောထား မရသေး

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၉ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာလားဆိုတဲ့ ဘုံသဘောတူညီချက်အတွက် အာဆီယံအဖွဲ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အောက်တိုဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာဆီယံက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားတယ်လို့ သမ္မတ မားကို့စ်က…

စစ်ကော်မရှင်ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို အရေးယူသွားမယ်လို့ ရန်ကုန် UG အဖွဲ့တွေ ပြော

ရန်ကုန် ၊ အောက်တိုဘာ ၂၉ စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့ အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ တော်လှန်ရေးအဖွဲ့ငါးဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်ကို တော်လှန်နေတဲ့ လူငယ်တွေကို စော်ကားပြီး လူထုအရေးတော်ပုံကို ပုံဖျက်ကာ အမှန်တကယ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပြင် လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မီရှို့သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ဘက်မှ ထောက်ခံပြီး အာပေးအားမြှောက်လုပ်နေတဲ့ အနုပညာရှင်တွေကို အရေးယူသွားမယ်လို့…

KNU နယ်မြေမှာ စစ်တပ်စစ်ကြောင်း မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

သရက်ချောင်း၊ အောက်တိုဘာ ၂၉ အာဏာသိမ်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၀၀ ကျော်အထိ ရှိလာတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က KNU မြိတ် – ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ…

အပစ်ရပ် သဘောတူညီမှု ဟားမာ့စ် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဂါဇာကို အစ္စရေး တိုက်ခိုက်

ဂျေရုစလင်၊ အောက်တိုဘာ ၂၉ အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်မှုအတွက် တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။ ဂါဇာရှိ အစ္စရေးစစ်သားတွေကို ဟားမာ့စ်အဖွဲ့က အောက်တိုဘာ ၂၈ ရက်က တိုက်ခိုက်ပြီး သေဆုံးသွားပြီဖြစ်တဲ့ ဓားစာခံအလောင်းတွေကို ပြန်လွှဲပေးရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ချိုးဖောက်တယ်လို့…

အာဆီယံ ဥက္ကဋ္ဌရာထူးကို ဖိလစ်ပိုင် လွှဲပြောင်းယူ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၉ အာဆီယံ ဥက္ကဋ္ဌရာထူးကို မလေးရှားက ဖိလစ်ပိုင်ထံ အောက်တိုဘာ ၂၈ ရက်က လွှဲပြောင်း အပ်နှံလိုက်တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း မနီလာအစိုးရ တာဝန်ယူချိန်မှာ တောင်တရုတ် ပင်လယ်တွင်း နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို အဓိက အာရုံစိုက်လာဖွယ် ရှိနေပါတယ်။ ယခုနှစ်ကုန်ချိန်အထိ အာဆီယံဥက္ကဋ္ဌနေရာမှာ ဆက်ရှိနေမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ကွာလာလမ်ပူမြို့မှာ…

စစ်အာဏာသိမ်း (၁၇၃၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၉ AAPP ရဲ့ အောက်တိုဘာ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၃၁) ရက်အတွင်း ပြည်သူ (၇၄၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၈၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

လူငယ်တွေ ပြည်ပထွက်ခွာမှု မြင့်မားနေတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၂၉ နိုင်ငံအတွင်းက လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှု မြင့်မားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီအရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က လူငယ်တွေ ပြည်ပ…

စစ်ကော်မရှင် ရွေးကောက်ပွဲ အသိအမှတ်မပြုကြောင်း ပူးတွဲကြေညာပေးဖို့ နိုင်ငံတကာထံ NLD တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ နိုင်ငံတကာက အသိအမှတ် မပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကြေညာစဉ် ထည့်သွင်းတောင်းဆိုခဲ့တာပါ။…

စစ်ပွဲဖြစ်လာရင် မိမိတို့ အနိုင်ရလိမ့်မယ်လို့ ဂျပန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ထရန့် ပြော

တိုကျို၊ အောက်တိုဘာ ၂၈ မိမိတို့ ပါဝင်တဲ့စစ်ပွဲ တစ်ပွဲ ဖြစ်လာရင် မိမိတို့ အနိုင်ရမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် ဝါရှင်တန်ပေါ်ရှိ အမေရိကန် စစ်သားတွေကို ပြောလိုက်ပါတယ်။ ဂျပန်ရဲ့ အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီနဲ့ မြေရှားသတ္တုဆိုင်ရာ သဘောတူညီမှု…