မြန်မာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမယ်လို့ ယုံကြည်သူရှိမှာ မဟုတ်ဘူးလို့ ကုလ အတွင်းရေးမှူးချုပ် ပြော
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈ ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးဖို့နဲ့…
