ရန်ကုန် ၊ အောက်တိုဘာ ၂၉
စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့ အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ တော်လှန်ရေးအဖွဲ့ငါးဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ကို တော်လှန်နေတဲ့ လူငယ်တွေကို စော်ကားပြီး လူထုအရေးတော်ပုံကို ပုံဖျက်ကာ အမှန်တကယ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပြင် လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မီရှို့သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ဘက်မှ ထောက်ခံပြီး အာပေးအားမြှောက်လုပ်နေတဲ့ အနုပညာရှင်တွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လက်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုးတို့ကို လူထုနဲ့ နိုင်ငံတော်အပေါ် ပျက်ရယ်ပြုစော်ကားတဲ့ ဝါဒဖြန့် အနုပညာရှင်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအနုပညာရှင်တွေကို ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ Boycott & Social Punishiment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြဖို့ ရန်ကုန် UG အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ရန်ကုန် UG တွေအနေနဲ့ အနုပညာရှင်တွေရဲ့ အချက်အလက်တွေကို ရရှိထားပြီး လူထုနဲ့ အရေးတော်ပုံကို စော်ကားတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုရဲ့ တရားစီခန်းအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အနုပညာရှင်တွေကို အရေးယူသွားမယ်လို့ ကြေညာထားတဲ့ ရန်ကုန် UG အဖွဲ့တွေကတော့ Yangon Army (YA)၊ Dark Shadow၊ Operation Flame (OP)၊ Mother Son Yangon Force၊ Broken System အဖွဲ့တို့ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

