April 4, 2024

မိုးခေါင်ရေရှားမှုကြောင့် ဇင်ဘာဘွေနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာ

ဟာရေးရေး၊ဧပြီ ၅ ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားအဆင့် သဘာဝဘေးအဖြစ် သမ္မတ အီမာဆင် အမ်နမ်ဂါဝါက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါ တယ်။ ပြောင်းစိုက်ပျိုးမှု ထက်ဝက်လောက် ပျက်စီးသွားခဲ့တဲ့မိုးခေါင်ရေရှားဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ အစာရေစာ ရှားပါးမှုကို တိုက်ဖျက်ရေး မိမိတို့နိုင်ငံအနေနဲ့ ဒေါ်လာ ၂ ဘီလျံလိုအပ်နေ တယ်လို့ သမ္မတက ဆိုထားပါတယ်။ ပဲ၊ပြောင်းနဲ့ဆန်ရှားပါးမှုကြောင့်…

Move Forward ပါတီဖျက်သိမ်းဖို့ တောင်းဆိုမှု ထိုင်းတရားရုံး လက်ခံ

ဘန်ကောက်၊ ဧပြီ ၅ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ Move Forward ပါတီဖျက်သိမ်းရေးတောင်းဆိုမှုကို ကြားနာဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက လက်ခံလိုက်ပြီး ပါတီအနေနဲ့ ၁၅ ရက်အတွင်း ချေပနိုင်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီမှတ်ပုံတင်ဌာနက Move Forward ပါတီဖျက်သိမ်းဖို့ ကြိုးပမ်းနေတာပါ။ Move Forward ပါတီဟာ တော်ဝင်ဥပဒေကိုပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့အတူ ဒီမိုကရေစီအစိုးရကို ဖြုတ်ချလိုတဲ့ အထောက်အထားတွေတွေ့ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က…

စစ်အာဏာသိမ်း (၁၁၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၄၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၅ AAPP ရဲ့ ဧပြီ ၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၉) ရက်အတွင်း ပြည်သူ (၄၈၄၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ လုပ်ငန်းရှင်တွေထံက ငွေကြေးတောင်းခံနေ

မော်လမြိုင် ၊ ဧပြီ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် စည်ကားအောင် ကျင်းပဖို့အတွက်ဆိုပြီး စစ်ကောင် စီက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ သံ လွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီဟာ မော်လမြိုင်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့အတွက် ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်စ တင် တည်ဆောက်နေပြီးဖြစ်သလို ပွဲတော်စည်းကာရေးအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေထံက ငွေကြေးတောင်းခံရာမှာ နှုန်းထားသတ်မှတ်ထားတာ…

KIA နဲ့ အပြည့်အဝပူးပေါင်းဖို့ ကြိုးစားအားထုတ်နေတယ်လို့ NUG ယာယီသမ္မတပြော

နေပြည်တော် ၊ ဧပြီ ၅ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေကို…

သင်္ဃန်းညီနောင်ဒေသကို စစ်ကောင်စီ လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲနေ

မြဝတီ၊ ဧပြီ ၅ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ဧပြီ ၄ ရက် မ နက်အစောပိုင်းကစပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ စစ်ရေးတိုက်ပွဲတွေဟာ ဧပြီ ၄ ရက်နေ့အထိ…

ဘီးလင်းမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၄ ဦး ထက်မနည်းထိခိုက်သေဆုံးနိုင်

ဘီးလင်း၊ ဧပြီ ၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အဝင် တိုးဂိတ်ဟောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေ သခံတွေနဲ့PDFတွေထံက သိရပါတယ်။ ဧပြီ ၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါး တပ်စွဲထားတဲ့ တိုးဂိတ်ဟောင်းနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ထီးလင်းက အိမ်ခြေ ၃၀၀ နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး 

ထီးလင်း၊ဧပြီ ၄ မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာမီးရှို့ခံရမှုအတွင်း ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဟာ နေအိမ် ၅ လုံးကို စတင် မီးရှို့ရာကနေ မီးကူးပြီး ၃၀၀ နီးပါးအထိမီးလောင်ကျွမ်းခဲ့ရတာပါ။ ကျောကပစထဲက ထွက်လာတဲ့ အင်အား ၇၀ ပါ စစ်ကြောင်းက…

ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သူတွေဟာ NUG ထောက်ပို့နဲ့ PDF တပ်သားတွေလို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ထိုင်းနိုင်ငံမှာ ကရိန်းပြိုကျပြီးသေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာတွေဟာ NUG ထောက်ပို့နဲ့ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ဝေနေတာနဲ့ ပတ်သတ်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Truth Media၊Kyaw Swar နဲ့…

ရခိုင်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး မကွေးမှာ ဖမ်းဆီးရမိ

အမ်း၊ ဧပြီ ၄ ရခိုင်ပြည်နယ် အမ်းမြို့နဲ့မင်းပြားမြို့နယ်တို့ကနေ ထွက်ပြေးလာတဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway က ဧပြီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မင်းပြားအခြေစိုက် အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလာတဲ့ ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ၂ ဦးကို မတ်…