ဘန်ကောက်၊ ဧပြီ ၅

ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ Move Forward ပါတီဖျက်သိမ်းရေးတောင်းဆိုမှုကို ကြားနာဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက လက်ခံလိုက်ပြီး ပါတီအနေနဲ့ ၁၅ ရက်အတွင်း ချေပနိုင်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီမှတ်ပုံတင်ဌာနက Move Forward ပါတီဖျက်သိမ်းဖို့ ကြိုးပမ်းနေတာပါ။

Move Forward ပါတီဟာ တော်ဝင်ဥပဒေကိုပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့အတူ ဒီမိုကရေစီအစိုးရကို ဖြုတ်ချလိုတဲ့ အထောက်အထားတွေတွေ့ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားရုံးကို တင်ထားတယ်လို့ သိရပါတယ်။

ပါတီရဲ့လုပ်ရပ်တွေဟာ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေပုဒ်မ ၉၂ ကိုချိုးဖောက်ရာရောက်ပြီး ရန်လိုတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပါတီဖျက်သိမ်းရေး၊ပါတီအကြီးအကဲတွေကို ရွေးကောက်ပွဲတွေမှာ ဝင်မပြိုင်နိုင်အောင် တားဆီးရေး၊ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရှိသူတွေကို ပါတီအသစ်မှတ်ပုံတင် ခွင့်မပေးရေးအတွက် တရားရုံးမှာလျှောက်တင်ထားပါတယ်။

တော်ဝင်ဥပဒေကိုပြုပြင်ပြောင်းလဲရေး Move Forward ပါတီရဲ့ ကြိုးပမ်းမှုဟာ နိုင်ငံဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျှော့အောင်လုပ်ဆောင်မှုဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီဖျက်သိမ်းရေး ရွေးကောက်ပွဲကော်မရှင်က မတ် ၁၂ ရက်နေ့က ရုံးတော်ကို လျှောက်ထားခဲ့တာပါ။

Move Forward ပါတီက ဥပဒေပြုပြင်ပြောင်းလဲဖို့ အဆိုပြုရာမှာ တော်ဝင်ဥပဒေနဲ့ စွဲချက်တင်လိုတဲ့အချိန်မှာ နန်းတော်ကသာ တိုက်ရိုက်စွဲချက်တင်ရမှာဖြစ်ပြီး နိုင်ငံသမားတွေနဲ့ တခြားသူတွေ စွဲချက်မတင်ဖို့ အဆိုပြုထားပါတယ်။

ဒါ့အပြင် ဒီဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုအတွက်လည်း ပြစ်ဒဏ်လျှော့ချဖို့လည်း ပါတီက တောင်းဆိုခဲ့ပါသေးတယ်။

လွှတ်တော်အမတ်များဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှု သံသယနဲ့ စစ်ဆေးခံရမယ့် ပါတီခေါင်း ဆောင်ဟောင်း ဖိထာနဲ့ ပါတီရဲ့ လွှတ်တော်အမတ် ၄၄ ဦးတို့ဟာ နိုင်ငံရေးလောကနေ တသက် တာ တားမြစ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.