နေပြည်တော် ၊ ဧပြီ ၅

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဧပြီ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေကို အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

နိုင်ငံမြောက်ပိုင်း ဧရိယာတစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIA ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန်အားရကျေနပ်စရာ ကောင်းတာကို အခုဆိုထင်ထင်ရှားရှားတွေ့ရပြီး NUG အ

နေနဲ့ KIA နဲ့ အပြည့်အဝပူးပေါင်းဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NUG အနေနဲ့ ဗျူဟာမြောက် စစ်ဒေသသုံးခုသတ်မှတ်ထားပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ရေးအပြင် နိုင်ငံရေးအရပါ ပူး ပေါင်းဖို့ ကြိုးစားလာတာလို့ သုံးသပ်ပါတယ်။

“NUG က သူ့ရဲ့ ဗျူဟာ‌မြောက် စစ်နေရာ သုံးနေရာသတ်မှတ်ထားတယ်။ မြောက်ပိုင်း၊ အလယ်ပိုင်း ၊ တောင်ပိုင်းပေါ့။ အဲဒီတော့ မြောက်ပိုင်းစစ်ရေးလှုပ်ရှားမှုတွေကို KIA နဲ့ NUG ရဲ့ PDF တွေ ပူး ပေါင်းပြီး တိုက်ပွဲဝင်လာတာ အခုကတော်တော့်ကို အောင်မြင်တဲ့အခြေအနေ ရောက်ရှိနေပါပြီ။ ဒါပေမယ့် အဲဒီဟာတွေကို စစ်ရေးအရ ခေါင်းဆောင်မှုက KIA စစ်ဦးစီးချုပ်ကနေ လမ်းညွှန်ဆောင် ရွက်လာတာ ဖြစ်ပါတယ်။ အခုက အဲဒီထက်တစ်ဆင့်တိုးပြီး KIA နဲ့ နိုင်ငံရေးအရပါ ပူးပေါင်းဆောင်ရွက်ဖို့ NUG က ကြိုးစားလာတာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအဖြစ်တဲ့ ကရင်အဖွဲ့ KNU၊ ကရင်နီအဖွဲ့ KNPP၊ ချင်းအဖွဲ့ CNF တို့က နိုင်ငံရေးဘုံသဘောရပ်တည် ချက်ကို ပူးတွဲကြေညာခဲ့ကြတာပါ။

အဲဒီဘုံသဘောတူညီချက်ဟာ NUG ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေဖြစ်တဲ့ K3C လို့ ခေါ်တဲ့ KIO ၊ KNU၊ KNPP၊ CNF တို့နဲ့ လောဆယ်မှာ သဘောတူညီချက် ခိုင်ခိုင်မာမာရရှိထားပြီးလို့ ဖေဖော်ဝါရီ ၆ ရက်နေ့ က ပြုလုပ်တဲ့ အစည်းအဝေးမှာ ယာယီသမ္မတက ပြောကြားထားပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ KIA နဲ့ အပြည့်အဝပူးပေါင်းဖို့ ပြောဆိုမှုအပေါ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးတဝိုက်နဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ကာကင်းစခန်းတွေနဲ့ ဗျူဟာကုန်းတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။

လက်ရှိအချိန်ထိ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ ကျော်အထိ KIA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ယာယီသမ္မတကတော့ ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေးရလဒ်တွေကို အခုအချိန်က တည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့လိုပြီး တည်ဆဲအခင်းအကျင်းမှာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မဟာဗျူဟာစဉ်းစားချက်တွေဟာ လူထုရဲ့ ဘေးဒုက္ခတွေကို လျော့ပါးသက်သာစေဖို့ အ ဓိက စဉ်းစားရမှာဖြစ်သလို လူထုကို အမြဲတမ်းဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ် ငြိမ်းဖို့လည်း အဓိကထားစဉ်းစားရမယ်လို့ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Like

Comment

Share

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.