မော်လမြိုင် ၊ ဧပြီ ၅

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် စည်ကားအောင် ကျင်းပဖို့အတွက်ဆိုပြီး စစ်ကောင် စီက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ သံ လွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့အတွက် ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်စ တင် တည်ဆောက်နေပြီးဖြစ်သလို ပွဲတော်စည်းကာရေးအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာပါ။

စီးပွားရေးလုပ်ငန်းရှင်တွေထံက ငွေကြေးတောင်းခံရာမှာ နှုန်းထားသတ်မှတ်ထားတာ မရှိပေမယ့် လုပ်ငန်းတစ်ခုလျှင် အနည်းဆုံးကျပ်သုံးသိန်းကနေ သိန်းဆယ်နဲ့ချီ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

သင်္ကြန်ပွဲတော်ကျင်းပရေးအတွက် ငွေကြေးတောင်းခံရာမှာ စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ ဆက် စပ်တဲ့လုပ်ငန်းအလိုက် ငွေကြေးတောင်းခံနေရပြီး စေတနာရှိသလောက် ပြောဆိုထားပေမယ့် သိန်းနဲ့ချီ ထည့်ပေးနေရတယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ကိုယ့်လုပ်ငန်း အလိုက်ပေါ့လေ။ ဥပမာ ရေလုပ်ငန်းတွေဆိုရင်လည်း ရေလုပ်ငန်းဌာနက တောင်းတယ်။ သူ့ ဌာနအလိုက် အလှူခံတာပေါ့။ အဲဒီလိုမျိုး မဏ္ဍပ်တွေ ထွက်ပေးရတဲ့ အခါကျတော့လေ ဌာနတွေက ကိုယ့် အောက်မှာရှိတဲ့ လုပ်ငန်းရှင်တွေကို အလှူခံတာပေါ့။ အဲဒီလိုမျိုးလုပ်နေတာ။ သူကတော့ စေတနာရှိသလောက်ပဲပေါ့လေ။ ဒါပေမယ့်လည်း လုပ်ငန်းရှင်တွေက သူတို့သုံးလေးငါးသိန်း ထည့်ကြတာများတာပေါ့လေ”လို့ ဆိုပါတယ်။

အရင်နှစ်တွေက စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ဖိအားပေးကာ မဏ္ဍပ်ဆောင်လုပ်ခိုင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် ဖိအားပေးလာတာတော့မရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့ပေမယ့် ဒီနှစ်မှာတော့ သင်္ကြန်ပွဲတော် စည်ကားအောင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာတွေ ဦးဆောင်ကာ ဌာနဆိုင်ရာမဏ္ဍပ် ဆောက်လုပ်ခိုင်းထားပြီး လုပ်ငန်းရှင်တွေကတော့ အနောက်ကနေ ထောက်ပံ့ပေးခိုင်းထားတယ်လို့ သိရပါတယ်။

သင်္ကြန်ပစ္စည်းရောင်းချနေသူတစ်ဦးကတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်ကားအောင် လုပ်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုမရှိတာကြောင့် အရင်သ င်္ကြန်ပစ္စည်းလက်ကျန်တွေတောင် ရောင်းမထွက်နေဘူးလို့ ပြောပါတယ်။

“ဒီအချိန်ဆို ညီမတို့ဆိုရင် ပစ္စည်းတွေအရမ်းသွင်းနေပြီ။ အင်္ကျီကအစ တံဆိပ်ဘယ်လိုရိုက်မလဲ၊ အလှကုန်တွေကအစ သင်္ကြန်အတွက်ဘယ်လိုပေါ့။ အဲဒီလိုမျိုးတွေ သွင်းနေပြီ။ သင်္ကြန်ပစ္စည်းတွေပေါ့။ မနှစ်ကဆို ဖုန်းရေစိုခံအိတ်တွေ လက်ကျန်လေးတွေကျန်လို့ နည်းနည်းလေး ထုတ်ရောင်းရင် တောင် လုံးဝမရောင်းရဘူး။ အာဏာမသိမ်းခင်ကာလဆို ဖုန်းရေစိုခံအိတ်တွေဆို ထောင်နဲ့ချီရောင်းရတာ။ အခုကကျတော့ မနှစ်ကအဲဒီ လက်ကျန်လေးကိုပဲ ကိုယ့်အရှေ့မှာ ချိတ်ထားတဲ့ဟာတောင် မထွက်ဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း မော်လမြိုင်မှာ သင်္ကြန်ပွဲတော်စည်ကားအောင်ကျင်းပဖို့ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့နဲ့ သင်္ကြ န်ပွဲတော် အောင်မြင်အောင်ကျင်းပဖို့ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးအတွင်း ညွှန်ကြားခဲ့တာပါ။

သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်ထားတဲ့ မော်လမြိုင်မြို့မှာတော့ စစ်ကောင်စီဘက်က မြို့အဝင်အ ထွက်နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားသလို နေ့စဉ်နဲ့အမျှ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ ဆက် တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နိုင်တယ်လို့ ကြေညာထားပါတယ်

အာဏာသိမ်းစစ်တပ် ဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ လမ်း လျှောက်သင်္ကြန် ပွဲတော်တွေအပြင် ကိုရီးယားက K Pop အဆိုတော်တွေပါ လာရောက်ဖျော်ဖြေဖို့ ရှိတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.