မင်္ဂလာပါရှင်
သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ထိုင်းနိုင်ငံမှာ ကရိန်းပြိုကျပြီးသေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာတွေဟာ NUG ထောက်ပို့နဲ့ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ဝေနေတာနဲ့ ပတ်သတ်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို Truth Media၊Kyaw Swar နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေနဲ့ စစ်တပ်လိုဂိုအသုံးပြုထားတဲ့ အကောင့်တုတွေမှာ မတ်လ ၂၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင် လယောင်းမြို့နယ်က သံရုံဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဝန်ချီ စက်ပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦးရဲ့ အခင်းဖြစ်ပွားရာနေရာက ဓာတ်ပုံ တွေကို စစ်ကောင်စီက အသုံးပြုပြီးသတင်းမှားဖြန့်ချီနေတာဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်း ခွင်မတော်တဆမှုအတွင်းသေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ်အမျိုးသား တွေဖြစ်ပြီး သူတို့အတွက် အလုပ်ရှင်ဘက်က နစ်နာကြေးငွေပေးဖို့ အလုပ်သမားတွေ တောင်း ဆိုရာမှ ရုန်းရင်းဆန်ခတ်မှုနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာလို့ ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ ဧရာဝတီ (The Irrawaddy Burmese) သတင်းဌာနမှာ ရေးသားထားပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ WAG အဖွဲ့က သေဆုံးသွားသူတွေဟာ တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
RFA သတင်းဌာနမှာတော့ စက်ရုံအလုပ်သမားတွေဟာ တရားဝင် Passport (ပတ်စ်ပို့) ကိုင် ဆောင်ထားသူတွေဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ညှိနှိုင်းပေးတာကြောင့် နှစ်ပတ်အတွင်း ပတ်စ်ပို့ စာအုပ်ပြန်ပေးတာအပါအဝင် ချိုးဖောက်ခံထားရတာတွေ ပြန်လည်ရရှိအောင်ဆောင်ရွက်ပေး မယ်လို့ စက်ရုံသူဌေးဘက်က သဘောတူလိုက်တယ်လို့လည်း ရေးသားထားပါတယ်။
The Irrawaddy Burmese သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
WAGမြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့
RFAသတင်းဌာနက ဖော်ပြထားတဲ့ သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်

