သတင်း

ဗဟိုအာဖရိကနိုင်ငံမှာ ရွှေမိုင်းတွင်း မြေပြိုမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

ဘာဘောက်အာ၊ သြဂုတ် ၂၁ ဗဟိုအာဖရိကနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာငယ် တစ်ခုမှာ ကြီးမားတဲ့ မြေပြိုမှုကြောင့် အစဉ်အလာ နည်းလမ်းနဲ့ တူးဖော်နေကြတဲ့ ရွှေမိုင်းတွင်း တစ်တွင်း မြေကြီးကျွံဝင်သွားပြီး လူ ၁၀၀ ကျော် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။ ကင်မရွန်းနိုင်ငံ နယ်စပ်အနီးရှိ ဘော်ဘောက်အာမြို့ကနေ…

ရေးမြို့နယ် မြောက်ပိုင်းဒေသမှာ စစ်တပ် စစ်ကြောင်း ပတ်ထိုးနေ

ရေး၊ ဩဂုတ် ၂၁ မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်း ပတ်ထိုးနေတာကြောင့် နှစ်ဖက် ထိပ်တွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ သြဂုတ် ၁၆ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ လိမ္မော်ခြံ၊ ဘေးလမိုင်း၊…

မြန်မာနိုင်ငံသား သန်းပေါင်းများစွာအတွက် တောင်ကိုရီးယားက စားနပ်ရိက္ခာနဲ့ အာဟာရ ကူညီပေး

ရန်ကုန်၊ သြဂုတ် ၂၁ မြန်မာနိုင်ငံအတွက် အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရ ဖြည့်စွက်ရေး ထောက်ပံ့ကူညီပေးရေး တောင်ကိုရီးယားက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်း (WFP) သို့ အမေရိကန် ဒေါ်လာ ၅ သန်း ထပ်မံ ထည့်ဝင်ကြောင်း သြဂုတ် ၂၀ ရက်မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အစားအစာနဲ့ လောင်စာ ဈေနှုန်း…

အီရန်အပေါ် အမေရိကန်က ရာဇဝင်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မယ်

ဝါရှင်တန်၊ သြဂုတ် ၂၁ အမေရိကန်က အီရန်အပေါ် ရာဇဝင်မှာ အပြင်းထန်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က သြဂုတ်လ ၂၀ ရက်မှာ ပြောပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန်ကို နောက်ထပ် ကြီးကြီးမားမား စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ လိုအပ်ချက်တွေ လျော့နည်းသွားစေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။…

ကြားအင်ဆိပ်ကြီးမှာ ခရီးသည် ၁၁ ဦးပါ စက်လှေတိမ်းမှောက်၊ အားလုံးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

ကြားအင်ဆိပ်ကြီး၊ သြဂုတ် ၂၁ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာမှာ လူ ၁၁ ဦးပါ စက်လှေတိမ်းမှောက်သွားပေမယ့် အားလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဩဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီကျော်လောက်မှာ ခရီးသည် ၁၁ ဦး တင်ဆောင်လာတဲ့…

စစ်အာဏာသိမ်း (၂၀၂၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၉၃) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၂၁ AAPP ရဲ့ သြဂုတ်၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၂၇) ရက်အတွင်း ပြည်သူ (၈၂၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၇၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၀၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ထိုင်းခရီးစဉ်အတွင်း လက်နက်မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ဖို့ မြန်မာတပ်ချုပ် ဆွေးနွေး

ဘန်ကောက် ၊ ဩဂုတ် ၂၁ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဩဂုတ် ၁၉ ရက်နေ့မှာ…

၁၀ နှစ်ကျော် ပိတ်ထားတဲ့ သထုံ တာယာစက်ရုံ အမြန်ဆုံးပြန်လည်ပတ်အောင် လုပ်ဖို့ ညွှန်ကြား

သထုံ ၊ ဩဂုတ် ၂၁ မွန်ပြည်နယ် သထုံမြို့နယ်ရှိ တာယာစက်ရုံ(သထုံ) ပြန်လည်ပတ်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စစ်တပ် အသွင်းပြောင်း စစ်အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က သထုံမြို့နယ်ရှိ အမှတ်(၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ – သထုံ)သို့ သွားရောက်စဉ်…

ဖာပွန်စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ကူတိုက်ပေးတဲ့ BGF ကို ဆုငွေချီးမြှင့်

ဖာပွန်၊ သြဂုတ် ၂၁ ကရင်ပြည်နယ် ဖာပွန်စစ်ဆင်ရေးအတွင်း စစ်တပ်ကို ကူညီပေးနေပြီး စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်းတွေကို စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရက ထောက်ပံ့ကြေးတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ရဲ့ ၁၆ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် BGF တပ်ရင်း ၁၀၁၁၊ တပ်ရင်း ၁၀၁၃၊…

ဂျပန်မှာ ရထားတိုက်မှုကြောင့် အလုပ်သမား ၄ ဦး သေဆုံး

တိုကျို၊ သြဂုတ် ၂၀ အထူးကောင်းမွန်တဲ့ ရထားလမ်း ဘေးကင်းမှုဆိုင်ရာ မှတ်တမ်းကြောင့် နာမည်ကြီးတဲ့ ဂျပန်နိုင်ငံမှာ ရထားတိုက်ခံရပြီးနောက် သြဂုတ် ၂၀ ရက်က လူ ၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ တိုကျိုမြို့ မြောက်ဖက်ရှိ ရှင်း-ကာနူမာ ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အလုပ်သမား ၄ ဦး…