သတင်း

အယ်လ်နီညိုကြောင့် ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့ ဦးမင်းအောင်လှိုင် ပြော

နေပြည်တော်၊ အောက်တိုဘာ ၆ အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့အတွက် ရေနဲ့စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ညွှန်ကြားလာပါတယ်။ မနေ့ အောက်တိုဘာ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို…

ပြည်ပ ဝယ်လိုအား လျော့ကျမှုကြောင့် ထိုင်းဆန် တင်ပို့မှု လျော့ကျ

ဘန်ကောက်၊ အောက်တိုဘာ ၆ ပြည်ပ ဝယ်လိုအား လျော့ကျမှုကြောင့် ထိုင်းဆန် တင်ပို့မှု လျော့ကျခဲ့ကြောင်း ပြည်ပ ကုန်သွယ်ရေးဌာန (DFT) ရဲ့ ညွှန်ကြားရေးမှူးချုပ် အရာဒါ ဖူအန်တောင်က ပြောပါတယ်။ ၂၀၂၆ ခုနှစ် ပထမဆုံး ၆ လအတွင်း ထိုင်းက ဆန် ၃ ဒသမ ၂၈ တန် တင်ပို့ခဲ့ပြီး နှစ်အလိုက်…

ဆိုက်ဘေးရီးယားမှာ ရောဂန္တရကပ် လေ့လာရေး ဓာတ်ခွဲခန်းနဲ့ဆက်စပ်တဲ့ လူဒါဇင်ပေါင်းများစွာကို အသွားအလာ ကန့်သတ်

မော်စကို၊ အောက်တိုဘာ ၆ ဆိုက်ဘေးရီးယား ဒေသရှိ ရောဂန္တရကပ် လေ့လာရေး အဖွဲ့အစည်း တစ်ခုမှာ ဓာတ်ခွဲစမ်းသပ်ခန်း အလုပ်သမား တစ်ဦး နာမကျန်းဖြစ်ရာကနေ သေဆုံးသွားပြီးနောက် အာဏာပိုင်တွေက လူဒါဇင်ပေါင်းများစွာကို ရောဂါ ခြေချုပ်ထားရှိပြီး အသွားအလာ ကန့်သတ်ထားပါတယ်။ အဲဒီ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ရုရှား ကျန်းမာရေး စောင့်ကြည့်ရေး အကြီးအကဲ အာကူဆာ ဒေသသို့ လေကြောင်းခရီးနဲ့…

စစ်အာဏာသိမ်း (၂၀၇၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၇၉)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၆ AAPP ရဲ့ အောက်တိုဘာ ၅ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၇၃)ရက်အတွင်း ပြည်သူ (၈၄၇၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၄၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်မှုထမ်း လူအစားထိုးမှုတွေမှာ ဌာနဆိုင်ရာတွေက အထောက်အထားအတုတွေ ပြုလုပ်ပေးနေ

နေပြည်တော် ၊ အောက်တိုဘာ ၆ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အကျုံးဝင်သူတွေကို မခေါ်ယူဘဲ လမ်းမှာတွေ့တဲ့သူကို ဖမ်းဆီးပြီး အစားထိုးခေါ်ယူမှုတွေကြောင့် အထောက်အထားအတု ပြုလုပ်ရာမှာ ဌာနဆိုင်ရာတွေ ပါဝင်နေတယ်လို့ စစ်အစိုးရခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ပြောလာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း စစ်မှုထမ်းအတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို အတုလုပ်တဲ့…

မွန်မှာ အုပ်ချုပ်ရေးမှူးတွေပြန်ရွေးဖို့ လွှတ်တော်အဆိုတင်

မော်လမြိုင် ၊ အောက်တိုဘာ ၆ မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အယောင်ပြလောက်သာ ရွေးချယ်ခဲ့တဲ့အပေါ် အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုအနေနဲ့ မွန်ပြည်နယ်အတွင်း နယ်မြေ အခြေအနေ တည်ငြိမ် အေးချမ်းလျက်ရှိတဲ့ ရပ်ကွက် သို့မဟုတ်…

လောင်းလုံးမှာ စစ်ကြောင်းဝင်နေလို့ ဒေသခံထောင်ချီ တိမ်းရှောင်ရ

လောင်းလုံး အောက်တိုဘာ ၆ တနင်္သာရီတိုင်း လောင်းလုံးမြိုနယ် ညှင်းမော်နဲ့ကဒက်ငယ်ထိန်ကျေးရွာတို့မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းကစလို့ လောင်းလုံးမြို့ပေါ်ကတဆင့် အင်အား ၂၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်ဟာ ညှင်းမော်နဲ့ကဒက်ငယ်ထိန်ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။ စစ်တပ်…

အရေးပါတဲ့ အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေး တည်ငြိမ်စေဖို့ ဂျပန် ဝန်ကြီးချုပ် ကတိပြု

တိုကျို၊ အောက်တိုဘာ ၅ တရုတ်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက အောက်တိုဘာ ၅ ရက် မူဝါဒဆိုင်ရာ မိန့်ခွန်းအတွင်း ပြောကြားပြီး ပြိုင်ဖက် နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး ထူထောင်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဘေဂျင်းက သူတို့ ပိုင်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင်…

ရုရှားရဲ့ ရေနံသန့်စင် စက်ရုံတွေကို တိုက်ခိုက်မယ်လို့ ယူကရိန်း သမ္မတ ပြော

ကိဗ်၊ အောက်တိုဘာ ၅ ကိဗ်မြို့နဲ့ တခြားမြို့တွေကို လူတွေ စွန့်ခွာသွားစေဖို့ မော်စကိုက ရည်ရွယ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ညွှန်ကြားချက်အသစ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှား ရေနံ သန့်စင်စက်ရုံတွေကို နှစ်ဆတိုးပြီး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အရပ်သားတွေကို ပစ်မှတ်ထားမှာ မဟုတ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ အခုနှစ် ဆောင်းရာသီ…

လုံခြုံရေး စိုးရိမ်ရတာကြောင့် ဗြိတိန် အခြေစိုက်စခန်းက B-1 ဗုံးကြဲ လေယာဉ်တွေကို အမေရိကန် ဖယ်ရှား

လန်ဒန်၊ အောက်တိုဘာ ၅ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့တဲ့ ဖြစ်ရပ် တစ်ခုရဲ့ ဗဟိုချက် နေရာမှာ ရှိနေတဲ့ ဗြိတိန် စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း RAF Fairford မှာရှိတဲ့ ဗုံးကြဲ လေယာဉ် အားလုံးကို အမေရိကန်က ပြန်လည် သိမ်းယူလိုက်ပါတယ်။ အဲဒီ အခြေစိုက်စခန်းရှိ ဗုံးကြဲ လေယာဉ်တွေ အားလုံးကို…