ကိဗ်၊ အောက်တိုဘာ ၅
ကိဗ်မြို့နဲ့ တခြားမြို့တွေကို လူတွေ စွန့်ခွာသွားစေဖို့ မော်စကိုက ရည်ရွယ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ညွှန်ကြားချက်အသစ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှား ရေနံ သန့်စင်စက်ရုံတွေကို နှစ်ဆတိုးပြီး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အရပ်သားတွေကို ပစ်မှတ်ထားမှာ မဟုတ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
အခုနှစ် ဆောင်းရာသီ မတိုင်ခင် ပိုမို ကျယ်ပြန့်တဲ့ အရပ်ဖက် ပစ်မှတ်တွေကို စစ်ရေးအရ တိုက်ခိုက်ခိုက်ရေး ညွှန်ကြားချက် အသစ် တစ်ရပ် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်က ထုတ်ပြန်ထားကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ယူကရိန်း ထောက်လှမ်းရေးဌာနတွေ ရရှိထားတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ လမ်းမတွေ၊ နေရာတိုင်း၊ ကျေးရွာတွေနဲ့ မြို့တွေကို တိုက်ခိုက်ရာမှာ အခြေခံ အဆောက်အဦတွေနဲ့ ပို့ဆောင်ရေး နေရာတွေကို တိုက်ခိုက်ခွင့်ပြုထားကြောင်း မိမိတို့ သိထားတယ်လို့ ဇီလန်စကီးက ရိုက်တာ သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောဆိုပါတယ်။
မြို့တော်က လူတွေ ထွက်ခွာသွားအောင် ဖိအားပေးဖို့အတွက် တခြားမြို့တွေဆီ ထွက်သွားစေဖို့က ရုရှား စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
မူဝါဒ အပြောင်းအလဲ လုပ်ဖို့ ဆောင်ရွက်ရာမှာ ပူတင်ဟာ အဓိက ရှေ့တန်း မျက်နှာစာ ဒေသ တစ်ခုမှာ သူရဲ့ စစ်တပ် စစ်ရှုံးနေပြီး ထိခိုက် သေဆုံးမှု များပြားနေချိန် အားကောင်းပုံပေါ်ကြောင်း ပြသဖို့ ဆန္ဒရှိနေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ကရင်မလင် နန်းတော်သို့ အောက်တိုဘာ ၃ ရက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းရဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်တွေကို စနစ်တကျ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် သတ်မှတ်ချက်အနေနဲ့ ဒွန်ဘတ်စ် ဒေသ တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရရမယ်လို့ ရုရှားက ပြောထားပါတယ်။
Ref:Reuters

