လုံခြုံရေး စိုးရိမ်ရတာကြောင့် ဗြိတိန် အခြေစိုက်စခန်းက B-1 ဗုံးကြဲ လေယာဉ်တွေကို အမေရိကန် ဖယ်ရှား

လန်ဒန်၊ အောက်တိုဘာ ၅

အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့တဲ့ ဖြစ်ရပ် တစ်ခုရဲ့ ဗဟိုချက် နေရာမှာ ရှိနေတဲ့ ဗြိတိန် စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း RAF Fairford မှာရှိတဲ့ ဗုံးကြဲ လေယာဉ် အားလုံးကို အမေရိကန်က ပြန်လည် သိမ်းယူလိုက်ပါတယ်။

အဲဒီ အခြေစိုက်စခန်းရှိ ဗုံးကြဲ လေယာဉ်တွေ အားလုံးကို ဖယ်ရှားပြီး အမေရိကန်ရှိ သူတို့ရဲ့ မိခင်စခန်းတွေဆီ ပြန်လည် ယူဆောင်ထားကြောင်း အမေရိကန်ဌာန အရာရှိ တစ်ဦးက ကြေညာချက်ထဲ အတည်ပြုပါတယ်။

ဗုံးကြဲ လေယာဉ်တွေကို ပြန်လည် သိမ်းဆည်းမှုအတွက် အကြောင်းအရင်းကို အမေရိကန်က ပြောဆိုထားတာ မရှိပါဘူး။

ဒါပေမဲ့ ဂလောက်ရှက်စတာရှိုင်းယားရှိ လေတပ် အခြေစိုက်စခန်းအနီး သံသယ ဖြစ်ဖွယ် ယာဉ် ၃ စီးနဲ့ ပတ်သက်လို့ စက်တင်ဘာ ၂၇ ရက်က ရဲတပ်ဖွဲ့ အရေးယူဆောင်ရွက်ခဲ့ရ ပါတယ်။

အဲဒီ အခြေစိုက်စခန်း အနီးမှာ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ သံသယနဲ့ ကနဦးမှာ လူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဗြိတိန်နွယ်ဖွား အီရန်နိုင်ငံသား တစ်ယောက် ဖြစ်တဲ့ ဆဋ္ဌမမြောက် တစ်ဦးကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါက နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် ဆိုတာထက် စစ်ရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ် ချက် ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန် စစ်တပ်က ဗြိတိန် စစ်တပ် အရာရှိတွေထံ ဆက်သွယ်လာပြီး စစ်ဆင်ရေး အဆင့် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖြစ်ရပ် ဖြစ်ပွားပြီး ရက်ပိုင်းအကြာမှာ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟန်က အဲဒီဖြစ်ရပ်မှာ အီရန် ပါဝင်ခဲ့ကြောင်း အားကောင်းတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကို ပြောဆိုထားတာ မရှိပါဘူး။

တီဟီရန်ကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

RAF Fairford လေတပ် အခြေစိုက် စခန်းကို အမေရိကန် လေတပ်က အသုံးပြုလာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။

မကြာသေးခင်လများက အီရန်ကို တိုက်ခိုက်ရေး လေတပ် အခြေစိုက် စခန်း အသုံးပြုခွင့် အမေရိကန်က တောင်းဆိုမှုကို ဗြိတိန်က ခွင့်ပြုခဲ့ပြီးနောက် အဲဒီ အခြေစိုက်စခန်းက အမေရိကန် ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်း ဒေသသို့ ပျံတက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.