သတင်း

အမေရိကန်က ယူကရိန်းကို ကူညီဖို့ ဆန္ဒမရှိဘူးလို့ ဇီလန်စကီး စွပ်စွဲ

ကိဗ်၊ အောက်တိုဘာ ၉ အောက်တိုဘာ ၈ ရက်က ရုရှားရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံ အရှေ့ပိုင်းမှာ လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်း သေဆုံးသူ ၇၀ ကျော် ရှိလာပြီးနောက် အမေရိကန်က ယူကရိန်းကို ကူညီဖို့ ဆန္ဒ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက…

မွန်က မြို့နယ်နှစ်ခုမှာ ကိုးလအတွင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့

မော်လမြိုင် ၊ အောက်တိုဘာ ၉ မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှာ အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ကိုးလတာအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၂၅ ဦး သေဆုံးခဲ့တယ်လို့ ရာမညအင်စတီကျူ လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE အဖွဲ့ကနေ သိရပါတယ်။ မြန်မာပြည်တောင်ပိုင်းရှိ မွန်ပြည်နယ်အပါအဝင် ဆက်စပ်ဒေသက ၁၄ မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့…

သရက်ချောင်းမှာ လူငယ် တစ်ဦးကို စစ်တပ်စစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်

သရက်ချောင်း၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီးမှာ လူငယ်တစ်ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သတ်ဖြတ်ခံရသူဟာ သဲချောင်းကြီးကျေးရွာနေသူ အသက် ၂၁ နှစ်အရွယ် လူငယ်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့က စုံစင်ဖျားကျေးရွာသို့ သွားရောက်စဉ် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။ လူငယ်အား ဖမ်းဆီးသတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ အာဏာသိမ်း…

ကပ်ရောဂါကြောင့် လူသေမှု ဖြစ်ပြီး ထိတွေ့မှု ခြေရာခံပြီးနောက် အားလုံး ကင်းရှင်းပြီလို့ ရုရှား ပြော

မော်စကို ၊ အောက်တိုဘာ ၉ ကပ်ရောဂါကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ အမျိုးသမီး တစ်ဦးနဲ့ ထိတွေ့ခဲ့သူ အားလုံးကို ရုရှားက ခြေရာခံ စစ်ဆေးပြီးနောက် ကျန်းမာရေး ပြဿနာတွေနဲ့သေးငယ်လွန်းတဲ့ သက်ရှိဇီဝရုပ်တွေ တစ်ခုမှ မတွေ့ရဘူးလို့ ဆိုက်ဘေးရီးယားရှီ အီယာကူဆာ ဒေသ အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။ ထိတွေ့သူအားလုံးကို ဆေးဖက်ဆိုင်ရာ စောင့်ကြည့်မှု ပြုလုပ်ပြီ…

နိုဝင်ဘာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် အီရန်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၉ နိုဝင်ဘာလ ၃ ရက် ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် လွှတ်တော် ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန်က အီရန်ကို တိုက်ခိုက်မှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ ခြောက်လကြာ စစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ မိမိတို့ နှစ်နိုင်ငံကြား အကျိုး…

စစ်အာဏာသိမ်း (၂၀၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၁၃)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၉ AAPP ရဲ့ အောက်တိုဘာ ၈ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၇၆) ရက်အတွင်း ပြည်သူ (၈၅၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ ကြံရာပါနေ

နေပြည်တော် ၊ အောက်တိုဘာ ၉ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ဟာ ကြံရာပါပတ်သက်သူတွေအဖြစ် Justice For Myanmar (JFM) က အောက်တိုဘာ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ…

မွန်စစ်လွှတ်တော်မှာ အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့အဆို ရှုံးနိမ့်

မော်လမြိုင် ၊ အောက်တိုဘာ ၉ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အများဆုံး လွှမ်းမိုးထားတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ရေး အဆို မဲခွဲဆုံးဖြတ်ရာမှာ အရေးနိမ့်သွားပါတယ်။ ဒီအဆိုကိုတော့ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်ထိုမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော်…

ကော့ကရိတ် မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ အောက်တိုဘာ ၉ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ထီဖိုးစံကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ နဘူးမြို့နယ် ထီဖိုးစံကျေးရွာမှာ KNLA တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား…

ရုရှားဆီ ရေနံတင်ပို့မှုတွေမှာ ဥပဒေချိုးဖောက်မှုရှိပါက အရေးယူမယ်လို့ တောင်ကိုရီးယား ခြိမ်းခြောက်

ဆိုးလ်၊ အောက်တိုဘာ ၈ မိမိတို့ ဆိပ်ကမ်းတွေကနေ ရုရှားဆီ လောင်စာတွေကို သင်္ဘောနဲ့ တင်ပို့မှုတွေဟာ ပြည်တွင်းဥပဒေကို ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယားက Guardian သတင်းဌာနက ဖော်ပြလာပါတယ်။ အဲဒီ သတင်းမှာ ဖော်ပြထားတဲ့ လောင်စာ တင်ပို့မှုနဲ့ ပတ်သက်လို့ နောက်ထပ် သတင်းအချက်အလက်တွေ ရရှိရေး အစိုးရက ကြိုးပမ်းနေကြောင်း…