သတင်း

ဖာပွန်မှာ စစ်တပ်ထိုးစစ်ကြောင့် ကျေးရွာ ၃၀ နီးပါး တိမ်းရှောင်နေရ

ဖာပွန်၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေ ရှိနေပြီး ကျေးရွာပေါင်း ၃၀ နီးပါး ဒေသခံပြည်သူတွေ နေထိုင်မရဲကြတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။ ၂၀၂၆ ခုနှစ် မေလပထမအပတ်ကနေ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ကမမောင်းကနေ ဖာပွန်ဘက်သို့…

သံဖြူဇရပ် စစ်သင်တန်းကျောင်းမှာ ပြည်သူ့စစ်မှုထမ်းတွေကို လစာထုတ်မပေး

သံဖြူဇရပ်၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အခြေစိုက် ဝဲကလိကျေးရွာရှိ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ သင်တန်းတက်ရောက်နေကြတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းသားတွေကို လစာထုတ်မပေးဘူးလို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်မှုထမ်းတက်ရောက်ကြတဲ့သူတွေဟာ သင်တန်းကာလအတွင်း စစ်တပ်က သတ်မှတ်ထားတဲ့ အခြေခံတပ်သားသစ်လစာ ရရှိကြတာဖြစ်ပေမယ့် ကျောင်းအုပ်ချုပ်သူတွေရဲ့ အစီအစဉ်နဲ့ လစာတွေကို ထုတ်မပေးဘူးလို့ ဆိုပါတယ်။ လစာငွေတွေ မထုတ်ပေးတာဟာ ငွေရရင် ထွက်ပြေးမယ်ဆိုတဲ့…

ကမ္ဘောဒီးယား-ထိုင်း ရေပြင် အငြင်းပွားမှုကို စင်ကာပူမှာ ကြားနာဖို့ ရှိ

စင်ကာပူ ၊ စက်တင်ဘာ ၁၄ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား တန်ဖိုးများတဲ့ ရေပြင် အရင်းအမြစ်တွေနဲ့ ပတ်သက်လို့ ကာလကြာရှည် အငြင်းပွားမှုအတွက် အခုသီတင်းပတ်အတွင်း စင်ကာပူနိုင်ငံမှာ နိုင်ငံတကာ ကြားဝင် ညှိနှိုင်းပေးသူတွေရှေ့ ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါက ဆက်ဆံရေး မပြေလည်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား နောက်ဆုံး အငြင်းပွားမှု ဖြစ်ပါတယ်။ ထိုင်းက ထိုင်းပင်လယ်ကွေ့မှာ…

သေနတ်သံတွေနဲ့ စတင်ခဲ့တဲ့ ဖိလစ်ပိုင်တောင်ပိုင်းက သမိုင်းဝင်ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံး

မာရာဝီ၊ စက်တင်ဘာ ၁၄ ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မွတ်စလင်များ နေထိုင်ရာ ဒေသရှိ ရဲစခန်း တစ်ခု အပြင်ဖက်မှာ စောစောပိုင်းက သေနတ်ကိုင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ သုံးဦး သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ စက်တင်ဘာ ၁၄ ရက် မနက်က ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲအတွက် ဒေသခံတွေ မဲပေးခဲ့ကြပါတယ်။ အဲဒီ…

အကျဉ်းထောင် ၁၃ ခုမှာ ထောင်အာဏာပိုင်တွေ ငွေကြေးမတရား ခေါင်းပုံဖြတ်နေ

အိုးဘို၊ စက်တင်ဘာ ၁၄ နိုင်ငံတဝန်းရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ အကျဉ်းဦးစီးဌာနရဲ့ အကျဉ်းထောင် ၁၃ ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဈေးဘားနဲ့ ငွေကြေး မတရား ခေါင်းပုံဖြတ်ကောက်ယူနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ တရားဝင်ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို နည်းမျိုးစုံနဲ့…

ဆော်ဒီ ရေနံပိုက်လိုင်း ပိတ်ထားမှုကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု ၄ ရာခိုင်နှုန်း လျော့ကျနိုင်

လန်ဒန်၊ စက်တင်ဘာ ၁၄ ဆော်ဒီအာရေးဗီးယားအနေနဲ့ ပင်လယ်နီကို ဆက်သွယ်ထားတဲ့ သူတို့ရဲ့ အဓိက ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မဖွင့်လှစ်ဘူးဆိုရင် ပြည်ပသို့ ပို့ဆောင်မယ့် ရေနံ ကုန်တော့မှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လောင်စာ ထောက်ပံ့မှု ၄ ရာခိုင်နှုန်း လျော့ကျသွားမှာ ဖြစ်ကြောင်း ဆော်ဒီဆီက ရေနံ ဝယ်ယူနေတဲ့ နိုင်ငံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ ဆော်ဒီက…

ဝေဖန်မှုတွေကြောင့် မွန်က လမ်းပိုင်းတချို့ကို ဟန်ပြပြင်ဆင်

မော်လမြိုင် ၊ စက်တင်ဘာ ၁၄ ဝေဖန်မှုတွေ မြင့်တက်နေတာကြောင့် မွန်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတချို့ကို စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ဟန်ပြပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အများပြည်သူ အသုံးပြုနေတဲ့ လမ်ပိုင်းအများစု စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်မှာ ပြင်ဆင်မှု မရှိတဲ့အတွက် ဆိုးဆိုးဝါးဝါး ပျက်စီးလာတာကြောင့် သွားရေးလာရေး ဒုက္ခကြုံနေရပါတယ်။…

ဗင်နီဇွဲလား သဘောတူညီမှုလို အီရန်ရဲ့ရေနံတွေကို ထိန်းချုပ်လို့ရတယ်လို့ ထရန့် ပြော

ဒွန်းဘက် ၊ စက်တင်ဘာ ၁၄ အမေရိကန်အနေနဲ့ အီရန်မှာ ဆက်နေပြီး ရေနံတွေကို ထိန်းချုပ်နိုင်တယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံ ငါးပုံ-တစ်ပုံကို ထိန်းချုပ်လိုက်တဲ့ ပုံစံမျိုး အီရန် အရန် ရေနံတွေကို ထိန်းချုပ်မယ့် ပုံစဲမျိုး သူက နှိုင်းယှဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။…

AI အန္တရာယ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထရန့် ပယ်ချ

ဝါရှင်တန် စက်တင်ဘာ ၁၄ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဉာဏ်ရည်တု AI နည်းပညာနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေဟာ ဖြစ်လာမှာမဟုတ်တဲ့ အခြေအနေတွေကို ချဲ့ကားပြောဆိုနေတာ ဖြစ်ပြီး၊ အဲဒီလို စိုးရိမ်မှုတွေကို ထုတ်ဖော်နေသူတွေဟာ “အလွန်အမင်း အနုတ်လက္ခဏာဆန်တဲ့ အင်အားစုတွေ” ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အိုင်ယာလန်နိုင်ငံ ဒွန်းဘတ်မှာရှိတဲ့ သူ့ရဲ့ ဂေါက်ကွင်းမှာ သတင်းထောက်တွေကို ပြောကြားရာမှာ ထရန့်…

ကိုယ်တိုင်ခန့် သမ္မတရဲ့ ပြည်ပလှည့်လည်ရေးခရီးစဉ်တွေကနေ တရားဝင်မှုရဖို့ နီးကပ်ပြီလား

ဖနွမ်းပင် ၊ စက်တင်ဘာ ၁၃ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ကိုယ်တိုင်ခန့်အပ်ထားတဲ့ သမ္မတရာထူးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်သွားလာနေပါတယ်။ အိန္ဒိယကနေ အစပြုပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ အာဆီယံအဖွဲ့ဝင် လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကို သွားရောက်ခွင့်…