ကြာအင်းဆိပ်ကြီး တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ နီးပါး စစ်ရှောင်နေရ
ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာကို အာဏာသိမ်း စစ်တပ်က စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကြောင့်…
