နေပြည်တော်၊ အောက်တိုဘာ ၁၉
မတရား ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်နိုင်ငံ ချားလ်စ်ဘုရင်ကြီးက စာအုပ် နှစ်အုပ် လက်ဆောင်ပေးပို့လာတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ချားလ်စ်ဘုရင်ကြီးက ပေးပို့လာတဲ့ လက်ဆောင် စာအုပ် နှစ်အုပ်၊ အိတ်ပိတ်စာအိတ် တစ်အိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ နှစ်ဦးက သွားရောက်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ထုတ်ပြန်ချက်မှာတော့ မတရား ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူးအကျဉ်းသူအဖြစ် သုံးနှုန်းထားပါတယ်။
The Land Garderners – Soil to Table နဲ့ Soil The World at Our Feet အမည်ရတဲ့ အဲဒီစာအုပ် နှစ်အုပ်ဟာ မြေဆီလွှာကြံ့ခိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝနည်းလမ်းတွေနဲ့ အစားအစာထုတ်လုပ်နိုင်ရေး အကြောင်းအရာတွေကို အဓိက ရေးသားဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

