ပါရီ ၊ အောက်တိုဘာ ၁၉

ရဲတပ်ဖွဲ့ မျှော်မှန်း ကြိုတင် ပြင်ဆင်မှု မရှိခဲ့ဘူးလို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လောရင့်စ် နူးနက်ဇ်က ပြောကြားပြီး ရာထူးက နုတ်ထွက်ပေးမယ်လို့ ပြောကြားခဲ့ ပေမယ့် သမ္မတ အမ်မန်နူရယ် မက်ကရွမ်က သူ့ကို ဆက်လက် တာဝန်ထမ်းဆောင်စေချင်နေပါတယ်။

အဓိကရုဏ်းတွေ လုယက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေအတွင်း မြို့တချို့မှာ ရဲတပ်ဖွဲ့ ထိန်းချုပ်နိုင်မှု မရှိ ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လကက စတင်ခဲ့တဲ့ စာသင်ကျောင်း ဆန္ဒပြပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အောက်တိုဘာ ၁၇ ရက်က လမ်းမတွေပေါ်မှာ လူပေါင်း ၅ သိန်းကျော် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲတွေဟာ အဆောက်အဦကို မီးတင်ရှို့တာ ဈေးဆိုင်တွေကို လုယက်တာတွေနဲ့ အတူ အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်အထိ ပါရီမြို့မှာ ဥပဒေချိုးဖောက်မှုတွေ ဆက်ရှိနေပြီး ရဲတပ်ဖွဲ့က လူပေါင်း အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက် မနက်ပိုင်းက ၃၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဆိုင်ပေါင်း ၅ ဆိုင်ထက် မနည်း လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြင်သစ် အစိုးရအဖွဲ့က မကြာခင် အရေးပေါ် အစည်းအဝေး တစ်ရပ်ကျင်းပပြီး အဖြေရှာဖို့ ပြင်ဆင်ထားပါတယ်။

အဲဒီ အကြမ်းဖက်မှုတွေဟာ လက်ယာစွန်းတွေရဲ့ အန္တရာယ်တွေကို လုံခြုံရေး တပ်ဖွဲ့တွေ ဖြေရှင်းဖို့ ပျက်ကွက်မှု ဖြစ်တယ်လို့ ပြင်သစ် တရားရေးဝန်ကြီးက ပြောပါတယ်။

ဘာမှားသွားလဲ ဆိုတာကို မိမိတို့ သိဖို့ လိုအပ်ပြီး လုံခြုံရေး တပ်ဖွဲ့တွေဟာ လက်ယာစွန်းတွေကို ထိထိရောက်ရောက် မတိုက်ဖျက်တာကြောင့် ဖြစ်တယ်လို့ တရားရေး ဝန်ကြီး ဂျာရက် ဒါမီယံက ပြောပါတယ်။

ဒါပေမဲ့ တရားရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကိုတော့ ထောက်ခံနေဆဲ ဖြစ်ပါတယ်။

ပြင်သစ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အခြေအနေ အားလုံးအတွက် မိမိမှာ တာဝန်ရှိတယ်လို့ ခံသားရတဲ့အတွက် ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ နူးနက်ဇ်က ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နုတ်ထွက်စာကို သမ္မတ မက်ကရွမ်က ချက်ချင်းဆိုသလို ပယ်ချခဲ့ ပါတယ်။

စာသင်ကျောင်းတွေရဲ့ အခြေအနေတွေ ဆိုးရွားမှု စားဝတ်နေရေး စရိတ် မြင့်တက်လာမှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေက အင်အား အကောင်းဆုံး ဖြစ်လာခဲ့ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.