ဘေဂျင်း၊ အောက်တိုဘာ ၁၉

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ၂၀၃၅ မတိုင်ခင် စုစုပေါင်း လူဦးရေရဲ့ သုံးပုံ တစ်ပုံဟာ အသက် ၆၀ နဲ့ အထက် အရွယ်တွေ ဖြစ်လာမှာ ဖြစ်ပြီး စူပါ အသက်အရွယ် လူတွေ များလာမယ်လို့ မျှော်လင့်ရကြောင်း တရားဝင် Beijing Daily သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ် မူဝါဒ ရေးဆွဲသူတွေက နိုင်ငံရဲ့ စီးပွားရေးဗျူဟာ အဓိက အစိတ်အပိုင်း အနေနဲ့ လူဦးရေ စီမံကိန်းတွေ ပြုလုပ်ထားပါတယ်။

အခုနှစ်အတွင်း ကလေးမွေးဖွားနှုန်း အားကောင်းလာစေရေး ယွမ် ၁၈၀ ဘီလီယံ (ကန်ဒေါ်လာ ၂၆ ဒသမ ၉ ဘီလီယံ) ကုန်ကျနိုင်ခြေနဲ့ အစိုးရ ရင်ဆိုင်နေရပါတယ်။

တရုတ် မြို့တော် နေထိုင်သူ သုံးယောက်စီတိုင်းမှာ တစ်ယောက်ဟာ ၂၀၃၅ မတိုင်ခင် အသက် ၆၀ ဒါမှမဟုတ် အဲဒီထက် ပိုကြီးနေမှာ ဖြစ်ကြောင်း Beijing Daily သတင်းဌာနက ဖော်ပြပါတယ်။

ဘေဂျင်းမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အသက် ၆၀ နဲ့အထက်အရွယ် အမြဲတမ်း နေထိုင်သူ ၅ ဒသမ ၂၉ သန်းရှိခဲ့ပြီး စုစုပေါင်းလူဦးရေရဲ့ လေးပုံ တစ်ပုံ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

မြို့တော် အစိုးရက အခြေခံ ပင်စင်လစာ တိုးမြှင့်တာ အပါအဝင် သက်ကြီး ဒေသခံတွေကို ထောက်ပံ့ရေး အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၂ နောက်ပိုင်း ကျုံ့ဝင်သွားပြီး သက်ကြီးရွယ်အို အရေအတွက် အလျင်အမြန် တိုးများလာခဲ့ပါတယ်။

ဒီကနေ့ အချိန်မှာ ကလေးအရေအတွက် ပိုနည်းတာက အိမ်ထောင်စုတွေ ပိုနည်းပြီး စားသုံးမှု ဖွံ့ဖြိုးမှု နှေးကွေးနေတယ်လို့ ဆိုလိုတာ ဖြစ်ကြောင်း ပညာရှင်တွေက ပြောပါတယ်။

တရုတ်အပြင် တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာလည်း မွေးဖွားမှု နည်းပါးတာ သက်ကြီးရွယ်အို အရေအတွက် ပိုများလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

မီးဖွားခွင့် ပိုပေးတာ မိသားစုစရိတ် ထောက်ပံ့မှုတွေ ပိုပေးတာအပြင် သားသမီး စောင့်ရှောက် စရိတ်တွေ အပါအဝင် အစိုးရအဖွဲ့တွေက နည်းလမ်း အမျိုးမျိုးသုံးပြီး ကလေးမွေးနှုန်း ပိုများလာစေဖို့ ကြိုးပမ်းနေကြ ပေမယ့် သိသာတဲ့ ရလဒ် ထွက်ပေါ်လာတာ မရှိသေးပါဘူး

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.