စစ်အုပ်စုရဲ့ လူ့အခွင့်အရေးကော်မရှင်ကို SEANF အဖွဲ့ဝင်အဖြစ်ကနေ ပယ်ဖျက်မှုအပေါ် NUG ထောက်ခံ
မော်လမြိုင် ၊ အောက်တိုဘာ ၂၀ စစ်အုပ်စုရဲ့ လက်ဝေခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် SEANF ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ပယ်ဖျက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထောက်ခံကြောင်း အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဆက်လက်ပါဝင်ခွင့် အရည်အချင်း မပြည့်မီကြောင်း…
