ဆိုးလ်၊ အောက်တိုဘာ ၂၀

ဦးနှောက် သွေးယိုစီးမှုကြောင့် သေဆုံးသွားပြီဆိုတဲ့ ပြောဆိုမှုတွေကို တိုက်ဖျက်တဲ့ လုပ်ရပ် တစ်ခုအနေနဲ့ ခေါင်းဆောင် ကင်ဂျုံအန် ရှူးဖိနပ် စက်ရုံ၊ ကုတ်အင်္ကျီ စက်ရုံနဲ့ တခြား အဝတ်အထည် စက်ရုံတွေဆီ သွားရောက် စစ်ဆေးနေပုံတွေကို မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြလာပါတယ်။

အဝတ်အထည်နဲ့ ဖိနပ်ပြပွဲ တစ်ခုသို့ အသက် ၄၂ နှစ်အရွယ် ကင်ဂျုံအန် သွားရောက်နေပုံကို KCNA သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လူမှုမီဒီယာပေါ်မှာ လူအများ ဝေမျှနေကြတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ ကင်ဂျုံအန်ရဲ့ ကျန်းမာရေး အခြေအနေကို အမျိုးမျိုး ပြောဆိုနေကြပါတယ်။

လျှို့ဝှက်လွန်းတဲ့ မြောက်ကိုရီးယားမှာ ကင်ဂျုံအန် သေဆုံးသွားရင် ခေါင်းဆောင် နေရာ ဆက်ဆံမယ့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။

နိုင်ငံပိုင် မီဒီယာက ကင်ဂျုံအန်ရဲ့ ဓာတ်ပုံတွေကို အောက်တိုဘာ ၁၉ ရက်က ဖော်ပြပြီး ကလေးဖိနပ်တွေနဲ့ အမျိုးသမီး အဝတ်တွေကို အထည်ချုပ် စက်ရုံတစ်ခုမှာ ကင်ဂျုံအန် စစ်ဆေးနေပုံတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

နိုင်ငံပိုင် မီဒီယာက ခေါင်းဆောင် ကင်ဟာ အဲဒီ ပြပွဲအခမ်းအနားသို့ အောက်တိုဘာ ၁၉ ရက်က သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ အဲဒီ ဓာတ်ပုံတွေဟာ ဘယ်အချိန်က ရိုက်ထားတာလဲ အသေအချာ သိရအောင် အတည်ပြုဖို့ မဖြစ်နိုင်သေးပါဘူး။

ရာထူးနေရာ ဆက်ခံရေး ပြဿနာ ပေါ်လာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ် နေပြီး ကင်ဂျုံအန် ဦးနှောက် သွေးယိုစီးလို့ သေဆုံးသွားပြီဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လူမှုမီဒီယာပေါ်မှာ ဖော်ပြမှုတွေကို ဆေးမှတ်တမ်းများ နာမည် ထုတ်ဖော်ပြောကြားတဲ့ မျက်မြင်သက်သေတွေနဲ့ တခြား လွတ်လပ်စွာ စုံစမ်း သိရှိထားတဲ့ အထောက်အထား စတာတွေနဲ့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ The New York Post သတင်းက ရေးပါတယ်။

ကင်ဂျုံအန် သေဆုံးသွားပြီး မြောက်ကိုရီးယားကို သူ့ရဲ့ ညီမ ကင်ယိုဂျောင်က ထိန်းချုပ်ထားကြောင်း အမေရိကန် အခြေစိုက် တရုတ်အစိုးရ ဆန့်ကျင်သူ ဝန်ကျန်းရှီက လူမှုမီဒီယာမှာ ရေးသား ဖော်ပြခဲ့ရာက အဲဒီ သတင်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံအန် သေဆုံးသွားပြီးနောက် မြောက်ကိုရီးယား အစိုးရက သူ့ရဲ့ သမီး ဖြစ်သူဆီ အာဏာ မလွှဲဘဲ သူ့ညီမ ကင်ယိုဂျောင်က လက်ရှိ ထိန်းချုပ်ထားတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Ref:outlookindia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.