ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၀
ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို မြန်မာ စစ်တပ်သို့ ပြန်လွှဲပြောင်းပေမယ့် မလေးရှား အစီအစဉ်ကို ဆန့်ကျင်ရေး အစီအစဉ် တစ်ရပ်ကို Burma Campaign UK က မကြာသေးခင်က စတင်ခဲ့ပါတယ်။
ကျေဇူးတင်စရာကောင်းတာက ရိုဟင်ဂျာတွေကို ပြန်ပို့မယ့် မလေးရှား အစိုးရရဲ့ အစီအစဉ်ဟာ စီစဉ်ထားတဲ့ ဖြစ်မလာခဲ့ဘူးလို့ Burma Campaign UK အဖွဲ့က ပြောပါတယ်။
မလေးရှားက ရိုဟင်ဂျာတွေကို ပြန်မပို့ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ မြန်မာ စစ်တပ်က သူတို့ကို လက်ခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၅၀၀ လောက်ကို မြန်မာ စစ်တပ်သို့ လွှဲအပ်ပေးခဲ့ပြီး စစ်သင်္ဘော သုံးစီးနဲ့ ပြန်လည် ခေါ်ယူခဲ့တာပါ။
မြန်မာနိုင်ငံသို့ ပြန်ပို့သူတွေထဲမှာ ရိုဟင်ဂျာတွေ ပါဝင်ပုံ မရဘဲ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်ကလည်း ဒီနေ့အချိန်အထိ မြန်မာနိုင်ငံဆီ ပြန်ပို့သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်သေးဘူးလို့ ပြောထားပါတယ်။
လွှဲပြောင်းပေးလိုက်သူတွေရဲ့ ဘေးကင်းရေးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ စိုးရိမ်မှု ရှိနေပြီး တချို့ ပျောက်ဆုံးသွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပျောက်ဆုံးနေသူတွေဟာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ မြန်မာ စစ်တပ်က ငြင်းဆိုလိုက်တာဟာ မလေးရှား အတွက် အရှက်ကွဲစရာ ဖြစ်ပါတယ်။
မြန်မာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားသို့ လာရောက်ချိန်မှာ ကွာလာလမ်ပူ အစိုးရက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့သလို သူအရမ်းလိုချင်နေတဲ့ အသိအမှတ်ပြုမှု ပေးခဲ့ပါတယ်။
သူက မလေးရှားရှိ မြန်မာ ဒုက္ခသည်တွေကို ပြန်လည် ခေါ်ယူရေး သဘောတူခဲ့ပါတယ်။
မလေးရှားအတွက် ဒါက နိုင်ငံရေးအရ သံတမန်ရေးအရ ကြီးမားတဲ့ အတွက်အချက် အမှား တစ်ခု ဖြစ်ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုက ထွက်ပြေးလာသူတွေကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သူတွေ လက်ထဲ ပြန်ထည့်မယ့် လုပ်ရပ်နဲ့ အတူ မြန်မာ စစ်အစိုးရက မလေးရှားရဲ့ နိုင်ငံတကာ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်။
မင်းအောင်လှိုင်ကို လက်ခံ တွေ့ဆုံပြီးတော့လည်း မလေးရှားဟာ သံတမန်ရေး အရ ရှုံးနိမ့်သွားခဲ့ရပါတယ်။
မလေးရှားမှာ အရင်ဦးဆုံးကတည်းက ဒုက္ခသည် ပြဿနာ ဖြစ်စေခဲ့တဲ့ မြန်မာ စစ်တပ်ကို ဦးဆောင်သူ တစ်ယောက်အတွက် မလေးရှားက ဆုချသလို ဖြစ်ခဲ့ပြီး အားဖြည့်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ခရီးစဉ်နဲ့ ပတ်သက်လို့ စစ်တပ်က နိုင်ငံပိုင် မီဒီယာနဲ့ လူမှုမီဒီယာတွေမှာ ကြွားလုံး ထုတ်နေချိန် မလေးရှားကတော့ အရှက်ကွဲသွားခဲ့ပြီ ဖြစ်ပါတယ်။
မလေးရှားမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး သဘောထားတွေ အရှိန်ကောင်းလာနေတဲ့ အခြေအနေမှာ ဒုက္ခသည်တွေကို မြန်မာ နိုင်ငံသို့ ဆက်လက် ပြန်ပို့ သွားမယ်လို့ မလေးရှားက တရားဝင် ပြောဆိုနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ မြန်မာ စစ်တပ်က ငြင်းဆိုလိုက်ပြီး နောက်ပိုင်း ဒီလို ပြန်လည်ပို့ဆောင်ဖို့ ဘယ်လို ဖြစ်နိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Ref:Burmacampaign.org

