ကျိုက်ထို၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ဒရုန်းရန်ကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အာဏာသိမ်း စစ်တပ်ရဲ့ အခြေစိုက်တပ်ရင်းတွေကနေ အဲဒီမြို့နယ်နှစ်ခုက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးကြဲမှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်ခဲ့တာပါ။

လက်နက်ကြီးနဲ့ဒရုန်းရန်ကြောင့် ကျိုက်ထိုမြို့နယ် ငှက်ပျောတောနဲ့ဇီးကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ် ရှမ်းစုနဲ့ကရဝေးဆိပ်ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုတွေ ထပ်မံပြုလုပ်နေတာကြောင့် နေရပ်မပြန်ရဲသေးသလို အလုပ်တွေ လုပ်ကိုင်လို့ မရတော့ဘူးလို့ စစ်ရှောင်ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလအတွင်း ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးထားပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၁၃ လုံး ပျက်စီးထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အစားအသောက်၊ဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.