October 21, 2026

စစ်အာဏာသိမ်း (၂၀၈၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၈၃)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၁ AAPP ရဲ့ အောက်တိုဘာ ၂၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၈) ရက်အတွင်း ပြည်သူ (၈၅၈၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၈၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာအပေါ် ထိုင်းရဲ့ စွမ်းအင်မှီခိုမှုနဲ့ ရင်းနှီးမြှုပ်နှံလိုမှု စစ်အစိုးရ အမြတ်ထုတ်လာနိုင်

နေပြည်တော် ၊ အောက်တိုဘာ ၂၁ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ စစ်အစိုးရနဲ့ ထိုင်းအစိုးရတို့ ဆွေးနွေးမှုတွေဟာ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေအပေါ် သက်ရောက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းအစိုးရရဲ့ စွမ်းအင်ဝန်ကြီး Akanat Promphan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်က ကိုယ်တိုင်ခန့် သမ္မတ…

လွှတ်တော်အတည်ပြုထားပေမယ့် မွန်မှာ လောင်းကစားဝိုင်းတွေ ပြန်စဖို့ပြင်ဆင်

မော်လမြိုင် ၊ အောက်တိုဘာ ၂၁ မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေးအဆို အတည်ပြုထားပေမယ့် အခုပွင့်လင်းရာသီမှာ ပွဲလမ်းသဘင်တွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပြန်စဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း‌ရေး အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ…

ကျိုက်ထိုနဲ့ဘီးလင်းမှာ လက်နက်ကြီးရန်ကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထို၊ အောက်တိုဘာ ၂၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ဒရုန်းရန်ကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အာဏာသိမ်း စစ်တပ်ရဲ့ အခြေစိုက်တပ်ရင်းတွေကနေ အဲဒီမြို့နယ်နှစ်ခုက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးကြဲမှုတွေ…