မီလန်၊ အောက်တိုဘာ ၂၁

ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားရာကနေ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ လုယက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တဲ့ စားဝတ်နေရေး စရိတ်ကြီးမြင့်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အီတလီ အစိုးရက အသေအချာ တုံ့ပြန်မယ်လို့ ကြွေးကြော်ပြီး မီလန်မြို့ဆီ ၅၀၀ စေလွှတ်မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ နောက်ထပ် ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လက်ယာယိမ်း အစိုးရရဲ့ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီကလည်း ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေမှာ ပါဝင်ပြီး ဥပဒေချိုးဖောက်မှုတွေ အပါအဝင် အဓိကရုဏ်း ဆင်နွှဲသူတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရေး အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ လုယက်မှုတွေမှာ ပါဝင်တဲ့ ကလေးတွေရဲ့ မိဘတွေကို ငွေကြေးဆိုင်ရာ တာဝန်ခံခိုင်းတာတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အစီအစဉ် အသစ်တွေကို ကြေညာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပြည်ထဲရေးဝန်ကြီး လောရင့်စ် နူးနက်ဇ်က လာမယ့် အောက်တိုဘာ ၂၄ မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲအတွင်း စစ်တပ် တချို့ ချထားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

ရဲဝန်ထမ်း အများစု အစီအစဉ် တကျရှိစေရေး သူတို့ရဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ အခုလို စီစဉ်တာ ဖြစ်ကြောင်း သိရပါတယ်။

လာမယ့် စနေနေ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ အင်အား ကြီးကြီးမားမား ချထားမှာ ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဆီဘတ်စတီယံ လီကော်နုက လွှတ်တော်သို့ ပြောပါတယ်။

အီတလီ မြောက်ပိုင်းရှိ မီလန်မြို့မှာ ခေါင်းစွပ် အင်္ကျီဝတ်ထားတဲ့ လူငယ်တွေက အမှိုက်ပုံးတွေကို မီးရှို့တာ၊ ဆိုင်တွေကို ရိုက်ချိုး ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ၂၇၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အကြမ်းဖက် အုပ်စုတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ် ပိုက်တွေ အသုံးပြုခဲ့ပါတယ်။

ကနဦး ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် အကြမ်းဖက် အုပ်စုတွေကြောင့် အဓိကရုဏ်းတွေ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့နဲ့လည်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ ပါတယ်။

ထိန်းသိမ်းခဲ့သူတွေထဲမှာ ၃၂ ဦး ဖမ်းဆီးခံရပြီး လူငယ် ၂၃ ဦးနဲ့ နိုင်ငံခြားသား ၁၃ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြင်သစ်မှာလည်း ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာကြောင့် မြို့တချို့မှာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ထားပါတယ်။

မီလန်မြို့ရှိ ဖက်ရှင် လုပ်ငန်းတွေရှိရာ ဒေသရှိ ဈေးကြီးပစ္စည်းတွေ ရောင်းချတဲ့ စတိုးဆိုင်တွေဟာ နောက်ထပ် မငြိမ်မသက် ဖြစ်လာမှာကို စိုးရိမ်တာကြောင့် အများစု ပိတ်ထားကြပါတယ်။

Chanel ၊ Tiffanyနဲ့ Dior တို့ အပါအဝင် နာမည်ကြီး ဖက်ရှင်ဆိုင်တွေက ကြိုတင် သတိထားတဲ့အနေနဲ့ သူတို့ရဲ့ ပြတင်းပေါက်တွေအနီး ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကို ပြန်သိမ်းထားခဲ့ကြပါတယ်။

နိုင်ငံတော်ကို အဲဒီလို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရက အခိုင်အမာ တုံ့ပြန်သွားမှာ ဖြစ်ပြီး လူငယ်တွေရဲ့ အကြမ်းဖက်မှုတွေကို တားဆီးရေး အစီအစဉ်တွေလည်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ပြောပါတယ်။

အာဏာပိုင်တွေဟာ အကြမ်းဖက်သူတွေ ဖြစ်ပြီး မိမိတို့ အနာဂတ် ကောင်းလာအောင် လုပ်ဆောင် မပေးတာကြောင့် မိမိတို့ အနာဂတ်ကို မိမိတို့ ကိုယ်တိုင် တောင်းဆိုနေတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုထားပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.