မော်လမြိုင် အောက်တိုဘာ ၂၀

စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရသူ ၁၆ ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေအဖြစ် ခံယူခွင့်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစစ်သုံ့ပန်း ၁၆ ဦးဟာ အထူးတိုင်းစစ်ဌာန၊ သုံ့ပန်းစခန်းမှာ ထိန်းသိမ်းခံထားရသူတွေဖြစ်ပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို တော်လှန်ရေးတိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ထောက်ခံချက်တွေကို အခြေခံပြီး စစ်သုံ့ပန်းစာရင်းကနေ ပယ်ဖျက်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ခံယူခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေအတိုင်း စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ အဓမ္မစစ်သားသစ်စုဆောင်းမှု တိုက်ဖျက်ဖို့ ကြေညာချက်အရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.