အာဆီယံအထူးကိုယ်စားလှယ် လာဇာရို မြန်မာနိုင်ငံကို လာမယ်
မနီလာ အောက်တိုဘာ ၂၇ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်ဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြပါတယ်။ ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု…
