သတင်းဆောင်းပါး

၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စီမံခန့်ခွဲမှုအလွဲများ

သံလွင်တိုင်းမ် ၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့ နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ စစ်ခေါင်းဆောင်ဟာ နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်း သောက်တာကြောင့် သူကိုယ်တိုင်အပါအဝင် ပြည်သူအများ ဒုက္ခအဖုံဖုံ ပိုကြုံရတဲ့နှစ်လည်း ဖြစ်ပါတယ်။ လက်နက်သာကိုင်တတ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင်ကြောင့် အထွေထွေအကျပ်အတည်းနဲ့ကြုံရပြီး ဒေါ်လာဈေး ရွှေဈေး၊ ကုန်ဈေးနှုန်း မိုးပေါ်ထောင်တက် သွားတာဟာလည်း စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကို…

စစ်ခေါင်းဆောင်အတွက် ကြံမ္မာဆိုးဝင်တဲ့ ၂၀၂၃ ခုနှစ် လည်ပြန်

သံလွင်တိုင်းမ် ၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ နိုင်ငံရေးလှိုင်းတံပိုးတွေ ပြင်းထန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အထင်အရှားဖြစ်ရပ်တွေက ပြဆိုနေတာတော့ စစ်ကောင်စီတပ်ဟာ ပျက်စီးပြိုဆင်းနေပြီဆိုတာကို တွေ့ရပါမယ်။ စစ်တပ်သမိုင်းမှာ တစ်ခါမှမကြုံခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို နိုင်ငံသစ္စာဖောက်မှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ ထောင်တစ်သက်တစ်ကျွန်း အချခံလိုက်ရတာ၊ ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ စစ်တပ်၊ ကတုတ်ကျင်းလေးတစ်ခုကို စွန့်ရင်တောင် သေဒဏ်ပေးလို့ရတဲ့…

စစ်ကောင်စီလက်ထဲ ဓားစာခံဖြစ်နေတဲ့ ရွာသစ်ဒေသခံများ

စစ်တပ်မြို့လို့ခေါ်ကြတဲ့ ကယားပြည်နယ် ဘော်လခဲမြို့ပေါ်အပါအဝင် ခရိုင်အတွင်းက မြို့နယ်တွေမှာ အခုနှစ် အစောပိုင်းကစလို့ စစ်မီးတွေ ကူးစက်လာပါတယ်။ စစ်ကောင်စီယန္တရားတွေ အများဆုံးလည်ပတ်ခဲ့တဲ့ ဘော်လခဲခရိုင်အတွင်း စစ်မီးတွေ ကူးစက်လာပြီးနောက် နယ်မြေတွေ ထပ်မံမဆုံးရှုံးဖို့ စစ်ကောင်စီတပ်ကနေ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာပါ။ အဲဒီထဲကမှ ဘော်လခဲမြို့နဲ့ မိုင် ၂၀ သာဝေးတဲ့ ရွာသစ်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီးတဲ့နောက် အထိုင်ချကာ ဓားစာခံမြို့…

အာဏာရှင် လက်သစ်ခေတ်မှာ အရံဟင်း တစ်ခွက်က ပြည်သူတို့အတွက် အကောင်းဆုံးဟင်းလျာ ဖြစ်လာ

မနက်မိုးလင်းလို့ တစ်နေ့တာ မဖြစ်မနေ စားသောက်ဖို့အတွက် ဈေးထဲကို ဝင်လိုက်တယ်ဆိုတာနဲ့ အရင်ဆုံးကြားရတဲ့ စကားသံတွေကတော့ “အရင်ဈေးနဲ့ မရတော့ဘူး၊ အခုက အကုန်လုံးဈေးတွေ တက်နေပြီး၊ ဈေးလျှော့လို့မရဘူး”ဆိုတဲ့ စကားသံတွေဟာ ဈေးတစ်ခုလုံးမှာ ရှိတဲ့ ဈေးရောင်းသူတွေရဲ့ လက်သုံး စကားလို ဖြစ်နေပါတယ်။ ဈေးထဲမှာတော့ အသားငါး ရောင်းချသူတွေ၊ အသီးအရွက်ရောင်းချသူတွေ၊ ကုန်ခြောက်ကုန်စို ရောင်းချသူတွေနဲ့ စည်ကားနေပေမယ့် ဈေးဝယ်ယူသူတွေကတော့ အရင်လိုများများစားစား…

စစ်သည်လိုအပ်ချက်ကို ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ စစ်ကောင်စီ

တစ်ချိန်က တပ်မှူး၊ တပ်သားတွေ လှိုင်လှိုင်ထွက်ခဲ့တဲ့ စစ်ကိုင်း၊ မကွေး စတဲ့ အညာဒေသဟာလည်း စစ်ကောင်စီနှိပ်စက်လို့ လူသန်းနဲ့ချီစစ်ပြေးဒုက္ခသည်ဖြစ်၊ အိုးအိမ်ပေါင်း ၅၀,၀၀၀ ကျော် မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ ဒေသအဖြစ် ပြောင်းလဲသွားပါတယ်။အာဏာသိမ်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ ရာဇဝတ်သားတွေက စလို့ အိမ်ခြေရာမဲ့တွေအထိ တပ်သားသစ်ရဲ့သားကောင်တွေအဖြစ် မှတ်ယူပြီး ရှာဖွေစုဆောင်းနေတယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ…

ဟွန်းတီး ဥဩဆွဲပြီး အာဇာနည်တွေကို ဟန်ဆောင်ချစ်ပြနေတဲ့ စစ်ကောင်စီ

ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။ သံလွင်တိုင်းမ်/ထက်ထက်အောင် ဒီနှစ် ဇူလိုင်လ ၁၉ ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတဲ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်ဖြစ်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မတရားသဖြင့်…

စစ်ကောင်စီရဲ့ စီမံမှုအလွဲတွေနဲ့ ရတက်မအေးရတဲ့ မုန်တိုင်းဒဏ်သင့်ဘဝများ

“စစ်ကောင်စီဘက်က ကျွန်တော်မြင်တာကိုပြောရရင် သူတို့ရဲ့ စခန်း၊သူတို့ရဲ့ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေတာတွေ့ရပါတယ်။ ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက် အယောက် ၂၀၀ ကျော် ပို့တယ်။ အဲဒါက စစ်တပ်ရဲ့ ဧရိယာဝင်းထဲမှာပဲ သူတို့ရဲ့တပ်စခန်းသူတို့ရဲ့ ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေကြတာ” စစ်ကောင်စီရဲ့ စီမံမှုအလွဲတွေနဲ့ ရတက်မအေးရတဲ့ မုန်တိုင်းဒဏ်သင့်ဘဝများ သံလွင်တိုင်းမ်/ ထက်ထက်အောင် မြန်မာနိုင်ငံမှာ (၁၅)နှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းအဖြစ် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအလွန်…

သတင်းသိပိုင်ခွင့်အတွက် “တောင်ပေါ်အထိတက်ပြီး သတင်းဖတ်ရတယ်”

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်မှာ ဖုန်းလိုင်းတွေဖြတ်၊ အင်တာနက်တွေဖြတ်ပစ်လိုက်ပါတယ်။ ဒါဟာ ရှေ့လျောက် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ သတင်းသိရှိခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအတွက် အလားအလာမကောင်းတဲ့ ရှေ့ပြေးနမိတ်ပါပဲ။ အဲ့ဒီနောက်မှာတော့ သတင်းဌာနကြီး ၇ ခုကို သတင်းထုတ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး ဒေသတွင်း သတင်းမီဒီယာတွေကိုလည်း သတင်းထုတ်လုပ်ခွင့်လိုင်စင်တွေ ရုတ်သိမ်းလိုက်ပါတယ်။ နိုင်ငံအတွင်း လူမှုကွန်ယက်အသုံးပြုသူတွေကိုလည်း…

“နမ်းနိန်းရွာ လူသတ်တရားခံနှင့် စစ်ကောင်စီမွှေးတဲ့ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခမီး”

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဘုန်းတော်ကြီး ၃ ဦး အပါအဝင် ဒေသခံ ၃၀ ဦး ခန့်အသတ်ခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်ကိုင်းတိုင်းအတွင်း ၎င်းရဲ့ဩဇာခံ တပ်သားတွေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးမှု၊ စာနပ်ရိက္ခာတွေကို မီးရှို့မှုတွေကို…

ချစ်သူအတွက် ကျည်ကာအင်္ကျီလေး Valentine’s Day မှာ ပေးချင်ပေမယ့် နောက်ကျခဲ့ပြီ

သံလွင်တိုင်းမ်/ ထက်ထက်အောင် ဆောင်းနေ့လည်ခင်း နေရောင်ကြည်ကြည်လင်လင်အောက်မှာ ယောက်ကျားပီပီသသ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနဲ့ ခံ့ခံ့ညားညားမျက်နှာ၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းပိုင်ရှင် အမျိုသားတစ်ဦးဟာ ကလေးငယ်တစ်ယောက်လို လက်ဖဝါးထဲ မျက်နှာထည့်ပြီး ရှိုက်ကြီးတငင် ငိုနေပါတယ်။ သူရှိုက်ငိုနေရင်း ဗလုံးပ‌ထွေးပြောလိုက်တဲ့စကားက မိုးမိုးရေ တဲ့။ ကရင်လို မိုးမိုး(အမေ)လို့ သူခေါ် လိုက်တာက တကယ်တော့ သူ့မိခင်မဟုတ်ပါဘူး။ ရဲဘော်တွေကို မိခင်သဖွယ် စောင့်ရှောက်ထောက်ပံ့ပေးရင်း စစ်ကောင်စီလက်ချက်ကြောင့် အသက်ပေးသွားရတဲ့…