စစ်သည်လိုအပ်ချက်ကို ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ စစ်ကောင်စီ

0
2592

တစ်ချိန်က တပ်မှူး၊ တပ်သားတွေ လှိုင်လှိုင်ထွက်ခဲ့တဲ့ စစ်ကိုင်း၊ မကွေး စတဲ့ အညာဒေသဟာလည်း စစ်ကောင်စီနှိပ်စက်လို့ လူသန်းနဲ့ချီစစ်ပြေးဒုက္ခသည်ဖြစ်၊ အိုးအိမ်ပေါင်း ၅၀,၀၀၀ ကျော် မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ ဒေသအဖြစ် ပြောင်းလဲသွားပါတယ်။
အာဏာသိမ်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ ရာဇဝတ်သားတွေက စလို့ အိမ်ခြေရာမဲ့တွေအထိ တပ်သားသစ်ရဲ့သားကောင်တွေအဖြစ် မှတ်ယူပြီး ရှာဖွေစုဆောင်းနေတယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ တပ်သားစုဆောင်းရေး နည်းအဟောင်းတွေဟာ အလုပ်မဖြစ်တော့ဘဲ တနေ့ထက်တနေ့ တပ်သားစုဆောင်းရတာ ပိုခက်ခဲလာခဲ့ပါတယ်။


စစ်သည်လိုအပ်ချက်ကို ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ စစ်ကောင်စီ


တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပြီး အာဏာထိန်းတာပါလို့ မလိမ့်တစ်ပတ်လုပ်၊ တိုင်းပြည် သာမန်အခြေအနေမဟုတ်သေးဘူးဆိုပြီး အကြိမ်ကြိမ်သက်တမ်းတိုးပြီး သက်ဆိုးရှည်အောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၂ နှစ်ကျော် ကာလအတွင်း ပြုန်တီးအင်အားတိုးလာနေပြီး စစ်တပ်တွင်းမှာ တပ်သားသစ်ရရှိဖို့ အဆင့်ဆင့်ညွှန်ကြားတာတွေ ရှိနေတယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြမှုတွေကတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ပေါ်ပေါက်လာခဲ့ပြီး တိုင်းပြည်ရဲ့ ထက်ဝက်လောက်မှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပေါ်လာတဲ့အခါ ကမ္ဘာမှာ စစ်ရေးအင်အား အဆင့် ၃၁ ရှိတဲ့ မြန်မာ့တပ်မတော်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေမှာ စစ်သား ၁၃,၀၀၀ သေဆုံးခဲ့တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဦးရဲမျိုးဟိန်းက သုတေသနပြုထားပါတယ်။

တစ်ချိန်က တပ်မှူး၊ တပ်သားတွေ လှိုင်လှိုင်ထွက်ခဲ့တဲ့ စစ်ကိုင်း၊ မကွေး စတဲ့ အညာဒေသဟာလည်း စစ်ကောင်စီနှိပ်စက်လို့ လူသန်းနဲ့ချီစစ်ပြေးဒုက္ခသည်ဖြစ်၊ အိုးအိမ်ပေါင်း ၅၀,၀၀၀ ကျော် မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ ဒေသအဖြစ် ပြောင်းလဲသွားပါတယ်။


ပြုန်းတီးလာတဲ့ တပ်အင်အား


၂၀၂၃ ခုနှစ် ပထမလေးလအတွင်းမှာပဲ မြို့နယ်ပေါင်း ၁၁၅ ခုမှာ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP Myanmar)က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။ 
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၀၀ ကျော်အထိရှိလာပြီလို့လည်း ISP Myanmar ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအကုန်ပိုင်းမှာ စစ်ကောင်စီတပ်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက်၊ အုန်းတောလမ်းက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုမှာ အမျိုးသား ၅ယောက်အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၃ဦးက မြို့ပြပျောက်ကျား တပ်ဖွဲ့ဝင်တွေ ဖြစ်နေခဲ့ပါတယ်။
အဲဒီ ၃ဦးကိုတော့ စစ်တပ်က သတ်ပစ်ခဲ့ပြီး ကျန် ၂ဦးထဲက တစ်ယောက်ဖြစ်တဲ့ ကိုရာဇာမြင့်နိုင်ကိုတော့  စစ်တပ်ထဲဝင်ရောက်ဖို့ အပြင်းအထန် ဖိအားပေးခံခဲ့ရတယ်လို့ ကာယကံရှင်ကိုယ်တိုင် ပြောပြပါတယ်။


“ရိုက်နှက် တာကတော့ ပြောမနေနဲ့။ ကျွန်တော့် မျက်နှာတွေ ဖူးယောင်နေတာပဲ။ စစ်ဖိနပ်တွေနဲ့ ကန်တယ်။ ပါးရိုက်တယ်၊။ ခြေထောက်တွေကို သံပိုက်လုံးတွေနဲ့ ကြိတ်တယ်။ ဘယ်လိုမှ မခံစားနိုင်တော့ ကျွန်တော် ငိုယိုပြီး တောင်းပန်ရတာပေါ့။ အဲဒီကျတော့ အကြီးပိုင်းက ထင်တယ်။ ကျတော့်ဆီ ထလာပြီး မင်းမပါတာတော့ ငါတို့သိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးတဲ့။ မင်းအခုချိန် မခံနိုင်တော့ရင် လုပ်စရာ စစ်ထဲပဲ ဝင်လို့ ရမယ်တဲ့။ ကျွန်တော်လည်း အနှိပ်စက်တော့ မခံနိုင်ဘူးလေ။ ဝင်မယ်ဆိုပြီး ပြောလိုက်တယ် “
ကိုရာဇာမြင့်နိုင်ကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ကင်းစခန်းမှာ လုံခြုံရေးအဖြစ် တာဝန်ယူနေရာကနေ CDM ဝင်ရောက်နိုင်ခဲ့ပါတယ်။

အလုပ်မဖြစ်တော့တဲ့ စစ်သားစုဆောင်းနည်း


စစ်တပ်တွင်းမှာတော့ တပ်သားသစ်ရရှိဖို့ အဆင့်ဆင့်ညွှန်ကြားတာတွေရှိနေတယ်လို့ သိရပါတယ်။ တပ်တွင်းမှာတော့ တပ်သားသစ် တစ်လမှာ တစ်ယောက်ရရ၊ နှစ်ယောက်ရရ ရသလောက်ကို ယူနေတယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။ 
အာဏာသိမ်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ ရာဇဝတ်သားတွေက စလို့ အိမ်ခြေရာမဲ့တွေအထိ တပ်သားသစ်ရဲ့သားကောင်တွေအဖြစ် မှတ်ယူပြီး ရှာဖွေစုဆောင်းနေတယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။


ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ တပ်သားစုဆောင်းရေး နည်းအဟောင်းတွေဟာ အလုပ်မဖြစ်တော့ဘဲ တနေ့ထက်တနေ့ တပ်သားစုဆောင်းရတာ ပိုခက်ခဲလာခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေမှာ စစ်ကောင်စီဟာ တပ်မတော်သား သားသမီးတွေ (တပ်တွင်း အခေါ်အဝေါ်အရ ခိုလှုံသူသားသမီးတွေ) ကိုလည်း စစ်တပ်အရာရှိလုပ်ဖို့၊ စစ်တပ်ထဲဝင်ဖို့ တိုက်တွန်းတာတွေလည်း ဆက်တိုက်ရှိနေပါတယ်။


ဒါ့အပြင် စစ်ကောင်စီဟာ တပ်မတော်သားဟောင်းတွေရဲ့ သားသမီးတွေကိုပါ တပ်ထဲဝင်ဖို့ ဖိအားပေးတာတွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။


“စစ်သားဟောင်း သားသမီးတွေတောင် တပ်ထဲဝင်ဖို့ အခေါ်ခံရလို့ ရှောင်တိမ်းနေကြရတာ။ တပ်ထဲမဝင်ချင်လို့ ထွက်ပြေးပြီး မြဝတီဘက်က ရွာတစ်ရွာမှာသွားနေတာ။ တိုက်ပွဲတွေဖြစ်ပြီး ဒုက္ခသည်စခန်းထဲမှာ ပါလာသူတွေကို မြင်ဖူးတယ်” လို့ CDM အရေးလှုပ်ရှားနေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ အဲဒီလို အလုပ်မဖြစ်တော့တဲ့အတွက် ၂၀၂၃ မှာ နည်းအသစ်တွေနဲ့ တပ်သားသစ် စုတာတွေရှိလာပါတယ်။


စစ်ကောင်စီဟာ ကျူးကျော်ဆိုတဲ့ခေါင်းစဉ်နဲ့ အရပ်သားတွေရဲ့နေအိမ်တွေကို ဖျက်ဆီးတာဟာ တပ်သားသစ်စုဆောင်းဖို့ ရည်ရွယ်ချက်အသစ်ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ထက်မြတ်က ပြောပြပါတယ်။

“ကျူးကျော်တွေဖျက်တာက တပ်ထဲဝင်အောင် တစ်ဘက်လှည့်နဲ့ လုပ်တဲ့နည်းတွေပေါ့နော်။ စစ်တပ်က တစ်ခုခုလုပ်ပြီဆိုရင် ရည်ရွယ်ချက်ရှိလို့ကို လုပ်တာပေါ့နော်။ တစ်ခါတလေကျရင် ကျွန်တော်တို့မြင်တာက ဒီကောင်တွေ ယုတ်မာတယ်။ မိုက်ရိုင်းတယ် ဒီလောက်ပဲ မြင်တာ”


“ဒါပမေယျ့နောကျကှယျမှာ သူတို့အတှကျအကြိုးအမွတျကရှိတယျ ကြူးတှကေိုဖကြျလိုကျလို့ လုံးဝနစေရာမရှိ၊စားစရာမရှိလို့ စစျတပျထဲရောကျသှားတဲ့လူတှေ ရှိနတေယျ။ သူတို့ကတော့ ပွညျသူတှေ ဒုက်ခရောကျလပေိုပြောျလပေဲ။ဒုက်ခတွေရောက်ပြီး နေစရာမရှိ၊စားစရာမရှိဖြစ်တော့ စစ်တပ်ထဲ ရောက်ကုန်တာပေါ့။ဒီလိုဖျက်ဆီးလိုက်ရင် တပ်ထဲဝင်နိုင်ချေများတယ် ဆိုတာကိုသိလို့ သူတို့လုပ်နေတာ”

စစ်တပ်အလိုကျ အသုံးတော်ခံမယ့် ပျူစောထီးများကို မွေးမြူခြင်း


အာဏာသိမ်းမှုအပြီး တပ်အင်အားပြုန်းတီးမှုကို ပြန်ဖြည့်တင်းနိုင်ဖို့ တပ်သားသစ်စုဆောင်းရာမှာ ခက်ခဲလာတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့လက်ပါးစေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေကို ပိုမိုရှာဖွေလာပါတယ်။


“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင်ကအဆက်အသွယ် ပြတ်နေတဲ့အဖွဲ့တွေ၊ ဌာနအနီးနားကျေးရွာ ရပ်ကွက်တွေက ပြည်သူ့စစ်ခေါင်းဆောင်တွေကိုဆို ပြန်လိုက်ဆက်သွယ်တယ်။ အရင်တုန်းက ဒီရွာမှာ ပြည်သူ့စစ်ခေါင်းဆောင်က ဘယ်သူဆိုတာမျိုးကို အတိအကျ လိုက်ဆက်သွယ်တယ်။ အာဏာသိမ်းပြီးနောက်မှာ အဲ့ရာထူးမှာ အဲ့လူကမရှိတော့ဘူး။ ဒါပေမယ့်အဲ့ဒီနေရာမှာ အစားထိုးဖို့ သူတို့က လူရှာတယ်” လို့ CDM စစ်တပ်အရာရှိက ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ နိုင်ငံတွင်းက ကျေးရွာနဲ့ ဒေသတွင်းမှာ အရင်ကပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူတွေ၊ ပြည်သူ့စစ်ခေါင်းဆောင်အဟောင်းတွေကို ပြန်လည်စုဆောင်းပြီး လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီကိုထောက်ခံတဲ့ ဘက်တော်သားတွေကို စစ်တပ်က လက်နက်တပ်ဆင်ပေးလိုက်တဲ့အတွက် ပျူစောထီးတွေလည်း များလာခဲ့ပါတယ်။


စစ်တပ်အကြောင်းကိုသိတဲ့ အဲဒီလူတွေဟာ တပ်မတော်သားအစစ်အဖြစ်ခံယူဖို့ ဆန္ဒမရှိကြပါဘူး။ ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်သားတွေလို ပြည်သူတွေကိုလက်နက်ပြပြီး ဗိုလ်ကျချင်သူတွေလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့တွေဟာ စစ်ကောင်စီအတွက် အင်အားရှာလို့အကောင်းဆုံးနေရာတွေဖြစ်လာတယ်လို့ CDM အရာရှိတစ်ဦးက ပြောပါတယ်။


“အခုနောက်ပိုင်းမှာ ပျူစောထီးတို့၊ပြည်သူ့စစ်တို့ဆိုတာ စစ်တပ်ရဲ့အင်အားရှာလို့ အကောင်းဆုံး နေရာတွေပဲ။ သူတို့တွေကို စစ်တပ်ကလက်နက်တပ်ဆင်ပေးတယ်။ ပြီးရင် စစ်တပ်လိုမျိုး အာဏာပါဝါတွေရမယ်ဆိုပြီး စည်းရုံးတော့ ပါလာကြတာပေါ့”
“ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်တပ်ထဲမှာလိုမျိုး စည်းကမ်းတင်းကြပ်တာလဲမခံရဘူး။ မနက်ဆိုထပြီး တန်းစီရတာလည်းမရှိဘူး။ အရပ်ထဲမှာလည်းနေရမယ်။ စစ်တပ်ထဲလဲ နေစရာမလိုဘူးဆိုတဲ့ အတွေးပေါ့နော်။ နောက်ပြီးတော့ သေနတ်ကိုင်ရမယ်ဆိုတဲ့ အတွေးပေါ့။ သေနတ်မြင်ရင်ကြောက်လိမ့်မယ်ဆိုတာကို စစ်တပ်ကပေးတယ်ဆိုတာကို တစ်ဘက်လှည့်နဲ့ လုပ်တာ”


၂၀၂၃ ခုနှစ် မေလတုန်းက စစ်ကောင်စီ ကြေညာခဲ့တဲ့ လက်နက်ဥပဒေ ထွက်ခဲ့ပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီမှာ လက်နက်တွေသိမ်းဆည်းရမိတဲ့ ဖြစ်စဉ်တွေ ပိုတွေ့လာရတာက အခုပြောဆိုချက်ကို ပိုပြီးခိုင်လုံစေပါတယ်။

ကျား၊မ တန်းတူရေး ဦးစားပေးသယောင် နောက်ကွယ်မှ စစ်သမီးစုဆောင်းမှု


အမျိုးသားများတဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီဟာ အမျိုးသမီးတပ်အင်အားကို ပိုမိုစုဆောင်းဖို့ ပြင်ဆင်လာတာတွေ့ရပါတယ်။ 
အမျိုးသမီးစစ်သည်ခေါ်ယူတာကို အခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တစ်ကြိမ်၊ဇွန်လ ၂၇ ရက်နေ့မှာ တစ်ကြိမ် ခေါ်ယူခဲ့သလို မနှစ်က ၂၀၂၂ ခုနှစ်မှာလဲ စက်တင်ဘာလမှာတစ်ကြိမ်၊ မေလမှာတစ်ကြိမ် ခေါ်ယူခဲ့ပါတယ်။


စစ်ကောင်စီက ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးတွေကို စစ်ကောင်စီရဲ့ဝါဒဖြန့်ကြေးမုံ သတင်းစာကနေ ခေါ်ယူနေတာပါ။ 

စစ်တပ် အာဏာမသိမ်းခင်က အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက် မကြာခဏခေါ်ယူလာတာဖြစ်ပါတယ်။


လက်ရှိအခြေအနေဟာ  စစ်ကောင်စီကရုံးပိုင်းတာဝန်ထမ်းဆောင်တဲ့ တပ်မတော်သား အမျိုးသားတွေကို ရှေ့တန်းပို့ပြီး လစ်လပ်သွားတဲ့အဲဒီနေရာတွေမှာ အခုခေါ်ယူထားတဲ့ အမျိုးသမီးစစ်သည်တွေကို တာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ခေါ်ယူစာမှာတော့ လျှောက်ထားသူတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီးတော့ အသက် ၂၅ နှစ်ထက်မကြီးရလို့ ပါရှိပါတယ်။ ပညာအရည်အချင်း ရှစ်တန်းအောင်တာနဲ့ တက်ရောက်နိုင်သလို ဒီတပ်သားသစ် သင်တန်းကို ၄ လ တက်ရောက်ရမှာဖြစ်ပြီး  သတ်မှတ်ချက် ကိုက်ညီရင် ဆန္ဒပြုထားတဲ့ လက်ရုံးတပ် ဒါမှမဟုတ် ဝန်ထမ်းတပ် တစ်ခုခုမှာ တာဝန်ထမ်းဆောင်ရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီဟာ အမျိုးသားစစ်သည်တွေစုဆောင်းဖို့ခက်ခဲလာတဲ့အတွက် အမျိုးသမီးစစ်သည် စုဆောင်းတာကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုပါတယ်။


“အမျိုးသားစစ်သည်တွေကို တပ်သားသစ်ပဲဖြစ်ဖြစ် တပ်ကြပ်ကြီးစာရေးပဲဖြစ်ဖြစ်၊ ဗိုလ်လောင်းပဲဖြစ်ဖြစ် သူတို့ခေါ်ယူတယ်။ ဒါပေမယ့် သူတို့ဝင်ရောက်မှုအားနည်းတဲ့အချိန် ဖြစ်လာတဲ့အတွက် သူတို့အနေနဲ့ဒါ စစ်သမီးစစ်သည်တွေဘက်ကို လှည့်ပြီးခေါ်ယူနေတာရှိပါတယ်။ အမျိုးသမီးစစ်သည်တွေအနေနဲ့ကတော့ ဒီခြေလျင်ခြေမြန် တပ်ရင်းတွေလို တိုက်ခိုက်ရေး၊ လုံခြုံရေး ဆောင်ရွက်ရခြင်းသိပ်မရှိဘဲနဲ့ သူတို့တွေရဲ့ တပ်တွင်းနဲ့ဆိုင်တဲ့ အကူလက်ရုံးဆိုင်ရာတွေ၊ နောက်တန်းဌာနချုပ်တွေမှာပဲ လုပ်ရတဲ့ဟာတွေကိုလုပ်တဲ့အတွက် အမျိုးသမီးစစ်သည်အချို့ ဝင်ရောက်နေခြင်းရှိသေးတယ်လို့တော့ ကျွန်တော်မြင်ပါတယ်”
ဒါ့အပြင် စစ်ကောင်စီဟာ လက်ရှိခေါ်ယူထားတဲ့အမျိုးသမီးစစ်သည်တွေကို လက်နက်ထုတ်လုပ်ရေး စက်ရုံတွေမှာတာဝန်ပေးနိုင်တယ်လို့ တပ်တွင်းသတင်းပေးတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုဆိုရင်ကျော်စွာမြေသြဇာ စက်ရုံကို သူတို့တွေအရေးပေါ်ပြင်ဆင်မှုတွေလုပ်နေတယ်။ ဘိလပ်မြေစက်ရုံကို ဘာကြောင့်ပြင်ဆင်နေလဲဆိုရင် ဘိလပ်မြေထုတ်ဖို့တော့မဟုတ်ဘူး။ အဲဒီမှာ ဒီဖောက်ခွဲရေးကိစ္စတွေမှာသုံးတဲ့ အမိုနီးယမ်နိုက်ထရိတ်လိုဟာမျိုးတွေ ထုတ်လုပ်ဖို့လို့ ကျွန်တော်တို့လည်း ကြားနေတယ်ပေါ့နော်။ အဲဒီတော့ ဒီစစ်သမီးတွေခေါ်တဲ့အခါ ထုတ်လုပ်ရေးပိုင်းတွေမှာ အသုံးပြုလိမ့်မယ်။ စစ်လက်နက်လိုအပ်ချက်တွေအတွက် စက်ရုံတွေမှာ သူတို့ကိုသုံးနိုင်တယ်။”
အမျိုးသမီးစစ်မှုထမ်းတွေကို အရင်က ဆေးတပ်မှာ အဓိကတာဝန်ပေးခဲ့ပေမယ့် နောက်ပိုင်း အမျိုးသမီး လေသူရဲအရာရှိတွေအထိ တာဝန်ပေးနေတာတွေ့ရပေမယ့် စစ်မြေပြင်အထိ စေလွှတ်တာတော့ မတွေ့ရသေးဘူးလို့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့တပ်မတော်နေ့ပွဲမှာလည်း အမျိုးသမီးစစ်သမီးတွေကို အမျိုးသားစစ်သည်တွေထက် ပိုသုံးထားတာကို တွေ့ခဲ့ရပါတယ်။ 
ဒါ့အပြင် အခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေတပ်စက်ပြင်တဲ့အပိုင်းမှာ အမျိုးသမီးစစ်သည်တွေ ပိုများလာတယ်လို့ CDM လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်မှာ အမျိုးသမီးအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း အရေအတွက်က သုံးထောင်ကျော် ရှိနေပြီလို့ စစ်တပ်ကထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်လကုန်အထိ စာရင်းတွေအရ သိရပါတယ်။


စစ်သားရဖို့ ပလိုင်းပေါက်နဲ့ ဖားကောက်ခြင်း


မြန်မာ့စစ်တပ်ဟာ အာဏာသိမ်းပြီးကာလကစလို့ နိုင်ငံအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အာဏာမသိမ်းခင်က မြန်မာစစ်တပ်မှာ တပ်အင်အား ၂ သိန်းခန့်ရှိတယ်လို့ ပညာရှင်တွေက သုံးသပ်တာတွေရှိနေပေမယ့် တိကျတဲ့အရေအတွက်ကိုတော့ ဘယ်သူမှ မသိရပါဘူး။


ကမ္ဘာ့ပေါ်က နိုင်ငံအသီးသီးရဲ့ စစ်ရေး အင်အားအကြောင်း လေ့လာနေတဲ့ Global Fire Power အဖွဲ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းထဲမှာတော့ မြန်မာနိုင်ငံရဲ့ စစ်ရေး အင်အားဟာ ကမ္ဘာမှာ အဆင့် ၃၁ ရှိတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၃၃ နိုင်ငံက စစ်ရေး အင်အား ညွှန်းကိန်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာဟာ ဒေသတွင်းနိုင်ငံ အချို့ထက် စစ်ရေးအင်အား သာလွန်နေပါတယ်။

နိုင်ငံအနှံနီးပါး တော်လှန်ရေးအရှိန်မြှင့်နေတဲ့အချိန် စစ်မျက်နှာကို တစ်နေရာစီဖွင့်နေရတာ၊ တချို့နေရာတွေမှာ ထိုးစစ်ထက်ခံစစ် ဖြစ်နေတာ၊ မြေပြင်တပ်တွေထက် ဝေဟင်တိုက်ခိုက်မှုတွေကို ပိုလုပ်နေရတာတွေက စစ်ကောင်စီတပ်ရဲ့ အင်အားပြုန်းတီးမှုကို ပြသနေတာလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။


အာဏာမသိမ်းခင်ကာလတွေက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းက တပ်ရင်းတစ်ခုမှာ တပ်အင်အား ၁၅၀ လောက်အထိပါဝင်ပေမယ့် အာဏာသိမ်းကာလ ၂နှစ်ကျော်ပြီးတဲ့နောက် စစ်ကြောင်းထိုးလာတဲ့တပ်ရင်းတစ်ခုမှာ အင်အား ၆၀ ကျော်သာပါဝင်တော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်ကာလတွေက တပ်သားအသစ် စုဆောင်းခံရသူတစ်ယောက်အနေနဲ့ တာဝန်စတင်ထမ်းဆောင်ဖို့ အချိန်ကာလအနည်းဆုံး ၆လ အထိ သင်ယူရတာတွေရှိပေမယ့် အခုအချိန်မှာ ၄လ လောက်နဲ့ ရှေ့တန်းအထိ အပို့ခံရသူတွေရှိနေပါတယ်။


အာဏာမသိမ်းခင်က စစ်ရေးအင်အား အဆင့် ၃၁ ရှိတဲ့ မြန်မာ့တပ်မတော်ကြီးဟာ လက်ရှိအချိန်မှာတော့ တော်လှန်ရေးအဖွဲ့တွေကို ရင်ဆိုင်နိုင်ဖို့ တပ်သားအသစ်တွေ အလိုရှိနေတာ ပေါ်လွင်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ပြုန်းတီးအင်အားအများအပြား ပေါ်ပေါက်နေတဲ့ စစ်တပ်ဟာ စစ်သည်လိုအပ်ချက်ကို ပုလိုင်းပေါက်နဲ့ ဖားကောက်နေရတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.