အမျိုးသမီးကဏ္ဍ

အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချဆေး တရားဝင်ရောင်းတော့မယ်

ဝါရှင်တန် ၊ မတ် ၃ အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးနှစ်ခုက mifepristone ကိုယ်ဝန်ဖျက်ချဆေးကို ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ အခုလကစတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မိမိတို့အနေနဲ့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုထားတဲ့ လက်တစ်ဆုပ်စာ ပြည်နယ်တွေမှာ လာမယ့် သီတင်းပိတ်ကစတင်ပြီး ကိုယ်ဝန်ဖျက်ချဆေးတွေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ CVSနဲ့Walgreens ကုမ္ပဏီတွေက အသိပေးထားပါတယ်။ အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနက ဆေးကုမ္ပဏီတွေကို အဲဒီဆေးရောင်းချခွင့် ပြုခဲ့ပြီးနောက်…

ဂျပန်ကိုယ်လုံးတီးပွဲတော်မှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်လာ

တိုကျို ၊ ဖေဖော်ဝါရီ ၂၄ ဂျပန်နိုင်ငံအလယ်ပိုင်းက နတ်ကွန်းတစ်ခုမှာ ကျင်းပတဲ့ ကိုယ်လုံးတီးပွဲတော်လို့ခေါ်တဲ့ အခမ်းအနားမှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားဟာ နှစ်ပေါင်း ၁၂၅၀ သက်တမ်းရှိပြီဖြစ်ပြီး အမျိုးသမီးတွေဟာ ကပ်လှူပူဇော်မယ့် ဝါးလုံးကြီး တစ်လုံးကို ထမ်းပိုးရင်း ခရမ်းရောင်ဝတ်ရုံတွေနဲ့ ရွတ်ဆိုမှုတွေ သံပြိုင်ပြုလုပ်ခဲ့ကြတာပါ။ မကောင်းဆိုးဝါး ဝိညာဉ်တွေကို…

ရေးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သွားသူကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ငွေထောက်ပံ့

ရေး – ဇန်နဝါရီ ၃ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် အမျိုးသမီးတစ်ဦးထိခိုက်သွားတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကျန်းမာရေးဌာနက အလှူငွေ ၃ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ခြံထဲမှာ နေလှန်းထားတဲ့ ရာဘာတွေသိမ်းနေစဉ်…

သက်ဆင်သမီး ထိုင်းအာဏာရပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ

ဘန်ကောက်၊ အောက်တိုဘာ(၂၉) ထောင်နန်းစံနေတဲ့ ဘီလျံနာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့သမီးဖြစ်သူဟာ ထိုင်းအာဏာရပါတီ Pheu Thai ရဲ့ ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး နှစ်နှစ်အကြာမှာပဲ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖယ်တုံတန်ရှင်နာဝါထရာကို Pheu Thai ပါတီက ခေါင်းဆောင်အသစ်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “Pheu Thai ရဲ့…

၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အီရန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချီးမြှင့်ခံရ

အော့စ်လို၊ အောက်တိုဘာ(၈) ၂၀၂၃ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အီရန်အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ နာဂျီစ့်မိုဟာမာဒီကို ချီးမြှင့်ဖို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ နိုဘယ်လ်ကော်မတီက နာဂျီစ့်မိုဟာမာဒီဟာ အမျိူးသမီးအခွင့်အရေးတွေအပြင် လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့တာကြောင့် ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့…

အလုပ်သမားတွေကို ဖိနှိပ်မှုတွေရှိတဲ့ မြန်မာနိုင်ငံက H&M ထွက်ခွာတော့မယ်

ရန်ကုန် – ဩဂုတ်(၁၉) ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်း H&M ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို ဖိနှိပ်မှုတွေမြင့်တက်နေတာကြောင့် မြန်မာ နိုင်ငံက ထွက်ခွာတော့မှာဖြစ်တယ်လို့ ရိုက်တာကိုပြောပါတယ်။ H&M ဟာ မြန်မာနိုင်ငံအတွင်းက Suppliers တွေနဲ့ သဘောတူညီချက်တွေကို ဖျက်သိမ်းတော့ မှာဖြစ်သလို နောက်ဆုံးပေါ် Fashion Brand ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ချက်ဟာ နိုင်ငံအတွင်းက အလုပ်သမားတွေကို…

အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်တွေ ထုတ်ပြန်

ကဘူးလ် – ဇူလိုင်(၇) အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတွေဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ရာနဲ့ချီကို တားမြစ်ပိတ်ပင် လိုက်ပြီး ဆင်းရဲမွဲတေမှုတွေကိုရင်ဆိုင်နေရတဲ့ နိုင်ငံမှာ အမျိုးသမီးတွေရဲ့အလုပ်အကိုင်ရရှိစေ မယ့် အခွင့်အလမ်းကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ တာလီဘန်အစိုးရရဲ့ ကန့်သတ်ဆောင်ရွက်မှုတွေထဲက နောက်ဆုံးအကြိမ်ထုတ်ပြန်မှုမှာ အမျိုးသမီးတွေကို လူမြင်ကွင်းကဖယ်ထုတ်ကာ နေအိမ်မှာ အတင်းအကျပ်နေခိုင်းတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ “ကာဘူးလ်မြို့နှင့် အခြားသောခရိုင်ဒေသန္တရများတွင် အမျိုးသမီးများဦး‌ဆောင်ဖွင့်လှစ်နေတဲ့ Beauty Salons (အလှပြင်ခန်းမများ) ကို…

သူနာပြုဝတ်စုံ ပြောင်းလဲရေးက အဓိက ပြဿနာမဟုတ်ဘူးလို့ မလေးရှားကျန်းမာရေးဝန်ကြီး ပြော

ကွာလာလမ်ပူ – ဇွန်(၂၀) မလေးရှားနိုင်ငံမှာ သူနာပြုယူနီဖောင်းနဲ့ ပတ်သက်ပြီး ဘာမှ အမှားမရှိဘူးလို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာက ပြောခဲ့ပါတယ်။ ပါလီမန်မှာ အမတ်တစ်ဦးက သူနာပြုဝတ်စုံတွေကို အပြောင်းအလဲ ပြုလုပ်ဖို့အတွက် ဆွေးနွေး ချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးကို သတင်းထောက်တွေ မေးမြန်းချိန်မှာ ပြန်လည် ဖြေဆိုခဲ့ တာပါ။ ဝန်ကြီးဌာနအနေနဲ့ လူထုကို…

အာဖဂ္ဂန်နစ္စတန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်ပြန်လည်ရရှိတော့မယ်

ကဘူးလ် – ဇွန်(၇) အာဖဂန်နစ္စတန်မှာ အမျိုးသမီးဝ်နထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် တာလီဘန်အမြင့်ဆုံးခေါင်းဆောင်နေထိုင်တဲ့ တောင်ပိုင်ခရိုင်ဒေသန္တရဖြစ်တဲ့ ကန်ဒန်ဟာမှာ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီဖြစ် ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ လွန်ခဲ့တဲ့လအတွင်း ကန်ဒါဟာရှိ အဓိက တာလီဘန်ခေါင်းဆောင်တွေက NRC ရဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက် ကြားကာလသဘောတူညီချက်တစ်ရပ်ကို သဘောတူ ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်တယ်လို့ NRC အထွေထွေအတွင်းရေးမှူး အေဂီလန်က ဆိုထား ပါတယ်။…

တရုတ်မှာ ကလေးမွေးဖွားနှုန်းမြှင့်တင်မယ့် စီမံကိန်း စတင်

ပေကျင်း – မေ(၁၆) တရုတ်နိုင်ငံဟာ ကလေးမွေးဖွားခြင်းဆိုင်ရာ ယဉ်ကျေးမှုကို ဖန်တီးဖို့ မြို့ပေါင်း (၂၀) ကျော်မှာ ရှေ့ပြေး ပရောဂျက်တွေကို စတင်လုပ်ဆောင်နေသလို နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းကို မြှင့် တင်ဖို့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရဲ့ လူဦးရေနဲ့ မွေးဖွားမှုဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်တဲ့ နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ တရုတ်နိုင်င့ရဲ့ မိသားစုစီမံကိန်းအဖွဲ့ဟာ အမျိုးသမီးတွေ…