သူနာပြုဝတ်စုံ ပြောင်းလဲရေးက အဓိက ပြဿနာမဟုတ်ဘူးလို့ မလေးရှားကျန်းမာရေးဝန်ကြီး ပြော

0
2694

ကွာလာလမ်ပူ – ဇွန်(၂၀)

မလေးရှားနိုင်ငံမှာ သူနာပြုယူနီဖောင်းနဲ့ ပတ်သက်ပြီး ဘာမှ အမှားမရှိဘူးလို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာက ပြောခဲ့ပါတယ်။ 

ပါလီမန်မှာ အမတ်တစ်ဦးက သူနာပြုဝတ်စုံတွေကို အပြောင်းအလဲ ပြုလုပ်ဖို့အတွက် ဆွေးနွေး ချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးကို သတင်းထောက်တွေ မေးမြန်းချိန်မှာ ပြန်လည် ဖြေဆိုခဲ့ တာပါ။ 

ဝန်ကြီးဌာနအနေနဲ့ လူထုကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့ကိုသာ အာရုံစိုက်ရမှာဖြစ်ပြီး ကျင့်ဝတ်ကို လိုက်နာတဲ့ သူနာပြုတွေဟာ သူတို့ရဲ့ ယူနီဖောင်းဝတ်စုံနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာမရှိနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ 

“ကျွန်မတို့ဟာ လူတွေအတွက် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများကို ပေးနိုင်ဖို့သာ ပိုအရေးကြီး ကြောင်းလို့ အာရုံထားပါတယ်။ အခုပြဿနာအတွက်တော့ ကျွန်မအနေနဲ့ ဒီယူနီဖောင်းဟာ ပြဿနာတစ်ရပ်မဟုတ်ဘူး” လို့ မလေးရှားကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ပါလီမန်မှာ ပြည်သူ့ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စက္ကူဖြူစာတမ်းကို အချေအတင် ဆွေးနွေးစဉ် သူနာပြုတွေရဲ့ ဝတ်စုံတွေဟာ တင်းကြပ်လွန်းတဲ့အပြင် ဘာသာရေးတောင်းဆိုမှု မဟုတ်တဲ့အတွက် အစိုးရအနေနဲ့ သူနာပြုဝတ်စုံတွေကို ပြောင်းလဲသင့်တယ်လို့ လွှတ်တော် အမတ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မလေးရှားနိုင်ငံရဲ့ ဒုတိယကျန်းမာရေးဝန်ကြီးဟောင်းကလည်း လက်ရှိ သူနာပြု ယူနီဖောင်းဟာ သက်တောင့်သက်သာရှိတဲ့အပြင် လုပ်ငန်းခွင်အတွက် အသုံးတည့်သလို တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုတိုင်းအတွက် ကောင်းစွာဖြည့်ဆည်းပေးထားတာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.