အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်တွေ ထုတ်ပြန်

0
2084

ကဘူးလ် – ဇူလိုင်(၇) 

အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတွေဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ရာနဲ့ချီကို တားမြစ်ပိတ်ပင် လိုက်ပြီး ဆင်းရဲမွဲတေမှုတွေကိုရင်ဆိုင်နေရတဲ့ နိုင်ငံမှာ အမျိုးသမီးတွေရဲ့အလုပ်အကိုင်ရရှိစေ မယ့် အခွင့်အလမ်းကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ 

တာလီဘန်အစိုးရရဲ့ ကန့်သတ်ဆောင်ရွက်မှုတွေထဲက နောက်ဆုံးအကြိမ်ထုတ်ပြန်မှုမှာ အမျိုးသမီးတွေကို လူမြင်ကွင်းကဖယ်ထုတ်ကာ နေအိမ်မှာ အတင်းအကျပ်နေခိုင်းတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ 

“ကာဘူးလ်မြို့နှင့် အခြားသောခရိုင်ဒေသန္တရများတွင် အမျိုးသမီးများဦး‌ဆောင်ဖွင့်လှစ်နေတဲ့ Beauty Salons (အလှပြင်ခန်းမများ) ကို ချက်ချင်းပိတ်ပစ်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့ ၏ အမိန့်ကို လိုက်နာရမည်” လို့ အာဏာပိုင်တွေက ပြောခဲ့ပြီး ဥပဒေချိုးဖောက်ပါက အရေးယူခံရမှာဖြစ် တယ်လို့လည်း ခြိမ်းခြောက်ထားတာပါ။ 

ကုလသမဂ္ဂကတော့ တာလီဘန်အစိုးရရဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့တောင်းဆိုထား ပြီး အဲဒီထဲမှာ အမျိုးသမီးတွေကို အတန်းကျောင်း (၆)တန်းနဲ့အထက် တက်ရောက်တာ၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ အလုပ်လုပ်ကိုင်တာ၊ပန်းခြံတွေကိုသွားရောက်တာနဲ့ Gym အားကစား လုပ်ဆောင်တာစတဲ့ အရာတွေကို ကန့်သတ်ထားတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းက တာလီဘန်အစိုးရကို အသိအမှတ်ပြုဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်တယ်လို့ ပြောထားပါတယ်။ 

လက်ရှိမှာတော့ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေအလုပ်ရနိုင်တဲ့ တစ်ခုတည်းသော အခွင့် အလမ်းမှာ သူနာပြုနဲ့ ဆရာဝန်တွေအဖြစ် ဆေးရုံမှာ အလုပ်လုပ်ကိုင်တာသာရှိတော့တာပါ။ 

ကန့်သတ်ချက်တွေမှာ အမျိုးသမီးတွေကို ကျောင်းဆရာမနဲ့ မိတ်ကပ်ပညာရှင်တွေအဖြစ် အိမ်မှာနေပြီး လျှို့ဝှက်စွာ လုပ်ဆောင်စေဖို့လည်း ဆိုထားပါတယ်။ 

 အာဖဂန်နစ္စတန်ကထွက်ပြေးပြီး တူရကီနိုင်ငံမှာ နေထိုင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စ ဂျမီလာအာဖကန်က “တာလီဘန်တွေက အမျိုးသမီးတွေကို လူသားတွေအဖြစ် မမှတ်ယူဘဲ ပိုင်ဆိုင်ဖို့နဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ကုန်ပစ္စည်းတစ်ခုအနေနဲ့ပဲ” လို့ ပြောခဲ့ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.